Connect with us

China

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင်တွင် “အပြာရောင် စပါးကျီ” အား နက်နက်ရှိုင်းရှိုင်း ပျိုးထောင်ခြင်းဖြင့် “အပြာရောင် စွမ်းအင်များ” ရှင်သန်လာ

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ဟွမ်ကျီးကျွန်းဆွယ် ပင်လယ်ပြင်ရှိ ပင်လယ်ရင်းနှီးမြှုပ်နှံမှု နိုင်ငံတော်အဆင့် အဏ္ဏဝါ မွေးမြူရေးခြံတစ်နေရာကို ဇူလိုင် ၃ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး (ဖူကျန့်)၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ လျန်ကျန်းခရိုင်သည် တစ်မူထူးခြားသော အဏ္ဏဝါအရင်းအမြစ်၊ ငါးဖမ်းလုပ်ငန်း ထူးခြားမှုနှင့် ဒေသတွင်းစီးပွားရေးအားသာချက်များကို အမှီပြုကာ သိပ္ပံနည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံများ စဉ်ဆက်မပြတ်တိုးချဲ့ရာ ပင်လယ်ရေနက် မွေးမြူရေး ပလက်ဖောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် စမတ်ကျအသွင်ပြောင်း အဆင့်ဆင့်မွမ်းမံခြင်းကို တွန်းအားပေးဆောင်ရွက်ပြီး ဒေသအလျောက်သင့်လျော်မှုရှိသော ရေညှိ၊ ပင်လယ်ရေမှော်၊ ငါးသင်ဝါ၊ ပင်လယ်ခရု (Abalone) စသည့် အရည်အသွေးမြင့် ရေထွက်ပစ္စည်း မွေးမြူခြင်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။

လက်ရှိအချိန်အထိ လျန်ကျန်းပင်လယ်ပြင်တွင် ပင်လယ်ရေနက် မွေးမြူရေး ပလက်ဖောင်း စုစုပေါင်း ၁၁ ခု (စုံ) ရင်းနှီးမြှုပ်နှံထားကာ စုစုပေါင်း မွေးမြူရေးနေရာအကျယ်အဝန်းမှာ ၁၈၀,၀၀၀ ကုဗမီတာရှိပြီး နှစ်စဉ်အထွက်နှုန်းမှာ တန်ချိန် ၂,၀၀၀ နီးပါးနှင့် နှစ်စဉ်ထွက်ကုန်တန်ဖိုးမှာ ယွမ်သန်း ၂၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

ယခုအခါ လျန်ကျန်းခရိုင်၏ “ပင်လယ်ပေါ် မွေးမြူရေးခြံ” သည် အရည်အသွေးမြင့်ရေထွက်ကုန်ပစ္စည်းများ၏ “ထုတ်လုပ်ရေးစက်ရုံ” သာမက အဏ္ဏဝါဂေဟစနစ်၏ “ပြန်လည်ပြုပြင်ရေး အခြေစိုက်စခန်း” ပို၍ ဖြစ်ပေသည်။ ပျိုးပင် ပျိုးထောင်ခြင်း၊ မွေးမြူခြင်း၊ ကုန်ချောပြုလုပ်ခြင်း၊ ကုန်အမှတ်တံဆိပ်မှသည် ရောင်းချခြင်းအထိ ပင်လယ်သမုဒ္ဒရာ စီးပွားရေးလုပ်ငန်းဆက်ကွင်းကို စဉ်ဆက်မပြတ် ကောင်းမွန်ပြည့်စုံစေခြင်းဖြင့် စုပေါင်းမွေးမြူခြင်း၊ ကမ်းရိုးတန်းအပန်းဖြေခရီးသွားလုပ်ငန်း၊ ထွက်ကုန် ကုန်ချောပြုလုပ်ခြင်းနှင့် စွမ်းအင်ထောက်ပံ့မှု စသည်တို့ကို ပေါင်းစပ်ထားသည့် ဘက်စုံဖြစ်သော ပင်လယ်ရေနက်မွေးမြူရေးပုံစံကို တဖြည်းဖြည်း ဖွဲ့စည်းတည်ဆောက်ခဲ့ရာ စီးပွားရေးအကျိုးအမြတ်နှင့် ဂေဟအကျိုးအမြတ် နှစ်ဖက်အကျိုးပြုသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို လျှောက်လှမ်းနိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ဟွမ်ကျီးကျွန်းဆွယ် ပင်လယ်ပြင်တွင် ရင်းနှီးမြှုပ်နှံအသုံးပြုထားသော (ရုပ်ပုံ၏ အဝေး၌ရှိသည့်) ပင်လယ်ရေနက်မွေးမြူရေးဖလက်ဖောင်းများ ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
新华全媒+|福建连江:深耕“蓝色粮仓” 激活“蓝色动能”
新华社照片,福州(福建),2025年7月4日
近年来,福建省福州市连江县依托独特的海洋资源、渔业产业特点以及区域经济优势,持续加大科技投入,推进深远海养殖平台升级改造及智能化迭代,因地制宜发展紫菜、海带、大黄鱼、鲍鱼等高效优质水产品养殖。截至目前,连江海域已累计投放11台(套)深远海养殖平台,总养殖水体近18万立方米,预计年产量近2000吨,年产值超2亿元。
如今,连江县的“海上牧场”不仅是优质水产品的“生产车间”,更是海洋生态系统的“修复基地”。通过不断完善从育苗、养殖、加工、品牌到销售的海洋经济全产业链,逐步构建集养殖、滨海休闲旅游、产品加工、能源供给等为一体的综合性深远海养殖模式,走出了一条经济效益与生态效益双赢的发展之路。
图说1:这是福建省连江黄岐半岛海域海投国家级海洋牧场一角(7月3日摄,无人机照片)。 新华社记者 魏培全 摄
图说2:这是在连江县黄岐半岛海域投入使用的“船政号”“诚信号”深远海养殖平台(画面远处)(7月3日摄)。新华社记者 魏培全 摄