Asia
BRICS အစုအဖွဲ့က ပိုမိုတရားမျှတသော ကမ္ဘာ့စည်းစနစ်အား ဖန်တီးပုံဖော်မည့် အခွင့်အလမ်းဖြစ်ဟု မလေးရှားဝန်ကြီးချုပ်ပြော

ကွာလာလမ်ပူ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ခိုင်မာ၍ စည်းစနစ်ကျသောအင်အားအဖြစ် ထွက်ပေါ်လာသော BRICS အစုအဖွဲ့သည် ပိုမိုမျှ၍ သမာသမတ်ကျသော နိုင်ငံတကာစည်းစနစ်တစ်ရပ် ပုံပေါ်လာမည့် အခွင့်အလမ်းတစ်ရပ်အား ကိုယ်စားပြုကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းဟောင်းများကို ပြောင်းလဲနေသော ကမ္ဘာ့အမှန်တကယ်အခြေအနေများနှင့်အညီ ပြုပြင်ပြောင်းလဲရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြင်းပြသောဆန္ဒများအား ထည့်သွင်းစဉ်းစားရန် လိုကြောင်း အန်ဝါက ကြေညာချက်၌ ပြောခဲ့သည်။
“ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတဲ့ အဓိက ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဟောင်းနွမ်းနေတဲ့ ဒုတိယကမ္ဘာစစ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေထဲမှာ ဆက်ပြီးပိတ်နေကြမယ့်အစား လက်ရှိအခြေအနေအစစ်အမှန်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်အောင် တုံ့ပြန်ကြဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
BRICS အစုအဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများရော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကဲ့သို့ အခြား ဒေသတွင်းအစုအဖွဲ့များဖြင့်ပါ ၎င်းတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံတွင် လက်ခံကျင်းပသော ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်နေသော အန်ဝါက ဖြည့်စွက်ပြောကြားခဲ့သည်။
“BRICS နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံများအား အပြန်အလှန်အကျိုးရှိစေမယ့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း အပါအဝင် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာအားကောင်းစေရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
BRICS grouping opportunity to create fairer world order: Malaysian PM
KUALA LUMPUR, July 7 (Xinhua) — The BRICS grouping, which has emerged as a strong and principled force, represents an opportunity to shape a more balanced and just international order, Malaysian Prime Minister Anwar Ibrahim has said.
Legacy international organizations need to be reformed to reflect the changing global realities and to take into account the aspirations of developing nations, Anwar said in a statement.
“I also call for a major overhaul of global institutions such as the United Nations, the International Monetary Fund, the World Bank, and the World Trade Organization, to better reflect current realities and the needs of developing countries, rather than remaining trapped in outdated post-World War II structures,” he said.
Anwar, who was attending the 17th BRICS Summit hosted by Brazil, added that the grouping must strengthen its economic cooperation both among member states and with other regional groupings such as the Association of Southeast Asian Nations (ASEAN).
“BRICS and ASEAN members must also continue to strengthen strategic cooperation, including enhancing cross-regional trade and investment for the mutual benefit of developing nations,” he said.
Photo: Leaders attending the plenary session of “Peace and Security and Reform of Global Governance” of the 17th BRICS Summit pose for a group photo in Rio de Janeiro, Brazil, July 6, 2025. (Xinhua/Li Xiang)