Connect with us

China

ဟန်ကျိန့်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်နှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်သည် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် ဇူလိုင်လ ၁၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဟန်ကျိန့်က ယမန်နှစ် အောက်တိုဘာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့ ကာဇန်၌ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြရာ တရုတ်-အိန္ဒိယ ဆက်ဆံရေး ပြန်လည်စတင်ဆောင်ရွက်ရန်အတွက် ဦးဆောင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် အိန္ဒိယသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီး၊ ကမ္ဘာ့တောင်ဘက်ခြမ်း အရေးကြီး အဖွဲ့ဝင်များ ဖြစ်ကြရာ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေသည့် မိတ်ဖက်လုပ်ဆောင်ခြင်း၊ “နဂါးနှင့် ဆင် ပနံသင့်စွာ အတူယှဉ်တွဲနေထိုင်ခြင်း” သည် နှစ်ဖက်၏ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသည့် သဘောတူညီချက်များကို တစ်ဆင့်တိုးဖော်ဆောင်သွားရမည် ဖြစ်ပြီး အဆင့်မြင့်အလွှာ ဦးဆောင်မှုအား အခိုင်အမာ လက်ကိုင်ထားခြင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တည်ငြိမ်စွာ တွန်းအားပေးခြင်း ၊ အပြန်အလှန် စိုးရိမ်ပူပန်မှုများအား အလေးထားခြင်းဖြင့် တရုတ်-အိန္ဒိယ ဆက်ဆံရေး စဉ်ဆက်မပြတ် ကောင်းမွန်၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

S. Jaishankar က ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ ရှီကျင့်ဖိန်တို့၏ ကာဇန်တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် တည်ငြိမ်စွာ ကောင်းမွန်လာကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် ခေါင်းဆောင်များ၏သဘောတူညီချက်ကို လမ်းညွှန်ချက်အဖြစ်ထားရှိကာ အိန္ဒိယ-တရုတ် ဆက်ဆံရေး တိုးတက်မှုအရှိန်ကို ထိန်းသိမ်းသွားရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ နိုင်ငံစုံယန္တရား၌ ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့်ရန် ဆန္ဒရှိကြောင်း၊ ယခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံက အလှည့်အကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် ကောင်းမွန်စွာ ကျင်းပမည့်အပေါ် အိန္ဒိယက ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


———————–
(Chinese Version)
韩正会见印度外长苏杰生
新华社北京7月14日电 7月14日,国家副主席韩正在北京会见印度外长苏杰生。
韩正表示,去年10月,习近平主席同莫迪总理在喀山成功会晤,引领中印关系重启再出发。中印都是发展中大国、全球南方重要成员,做相互成就的伙伴,实现“龙象共舞”,是双方正确选择。双方要进一步落实两国领导人达成的重要共识,坚持高层引领、稳步推进务实合作、尊重彼此关切,推动中印关系持续健康稳定发展。
苏杰生表示,莫迪总理同习近平主席喀山会晤后,印中关系稳步改善。印方愿以领导人共识为指引,保持印中关系发展势头,推进互利合作,加强在多边机制中的沟通协调。印方支持中方作为轮值主席国办好今年的上海合作组织峰会。(完)
1. 7月14日,国家副主席韩正在北京会见印度外长苏杰生。 新华社记者 高洁 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.