Connect with us

North America

တရုတ်နိုင်ငံနှင့်အတူ မီဒီယာနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ မြှင့်တင်သွားလိုဟု မက္ကဆီကို အထက်လွှတ်တော် ဥက္ကဋ္ဌ ဆို

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
မက္ကဆီကို အထက်လွှတ်တော် ဥက္ကဋ္ဌ Gerardo Fernandez Norona က ဇူလိုင် ၁၈ ရက်တွင် ဆင်ဟွာသတင်းဌာနနှင့်အတူ မီဒီယာနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။

Gerardo Fernandez Norona က ထိုနေ့တွင် မက္ကဆီကိုနိုင်ငံ ဖက်ဒရယ် အထက်လွှတ်တော်၌ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် တွေ့ဆုံရာတွင် မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့သည် ယဉ်ကျေးမှု ရှေးဟောင်းနိုင်ငံကြီးများဖြစ်သည့်နည်းတူ သမိုင်းကြောင်းကြာရှည်၍ အစဉ်အလာ နက်ရှိုင်းလှကြောင်း၊ နှစ်နိုင်ငံက မီဒီယာနှင့် ယဉ်ကျေးမှုကူးလူးဖလှယ်မှု မြှင့်တင်ခြင်းသည် အပြန်အလှန် နားလည်သိရှိမှု နက်ရှိုင်းစေရေး၊ ပြည်သူများချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် အထောက်အကူပြုကာ ကမ္ဘာလုံးဆိုင်ရာ အမျိုးစုံလင်သော ယဉ်ကျေးမှုများ အတူရှင်သန်ရေးအတွက် စံနမူနာပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာနက နိုင်ငံတကာပြည်သူ့သဘောထားများကြားတွင် စစ်မှန်သော၊ ဓမ္မဓိဋ္ဌာန်ကျသော၊ ကျွမ်းကျင်သော ရပ်တည်ချက်ကို ကိုင်စွဲထားကြောင်း၊ အထူးသဖြင့် “အများပြည်သူဆိုင်ရာ” စိန်ခေါ်ခံရခြင်း၊ သတင်းတု၊ သတင်းမှားများ ပေါများခြင်းဟူသည့် လက်ရှိအခြေအနေတွင်ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ဆက်လက်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် ဆက်လက် ထုတ်ဖော်ပြောဆိုကာ ကမ္ဘာလုံးဆိုင်ရာ မီဒီယာဂေဟစနစ်တွင် စစ်မှန်မှုနှင့် တရားမျှတမှု၏ ကိုယ်စားလှယ်အဖြစ် ရပ်တည်ရန် မျှော်လင့်ကြောင်း Gerardo Fernandez Norona က ထောက်ပြ ပြောကြားခဲ့သည်။

မက္ကဆီကိုအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအား အထူးပင်အလေးထားကြောင်း၊ အပြန်အလှန်လေးစားမှု၊ တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းကာ ဘုံအကျိုးစီးပွား ဖော်ဆောင်မှု အခြေခံပေါ်တွင် တန်းတူညီမျှ၍ အပြန်အလှန် ယုံကြည်သော နိုင်ငံဆက်ဆံရေး ပုံစံအသစ် တည်ဆောက်ကာ နှစ်နိုင်ငံပြည်သူများအား အမှန်တကယ် အကျိုးပြုရန် မျှော်လင့်ကြောင်း Gerardo Fernandez Norona က ပြောကြားခဲ့သည်။

ဖုဟွာက ဆင်ဟွာသတင်းဌာနအနေဖြင့် မက္ကဆီကို အထက်လွှတ်တော်နှင့် အတူလက်တွဲ၍ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်နားလည်သိရှိမှုကို တိုးမြှင့်ရန်၊ အစဉ်အလာချစ်ကြည်ရေး ဆက်လက်တည်ရှိရန် ဖော်ဆောင်ရန်၊ တရုတ်-မက္ကဆီကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် အဆင့်သစ်သို့ လှမ်းချီရေးကို တွန်းအားပေးရန်အတွက် အပြုသဘောအင်အားများ ဖြည့်တင်းသွားလိုကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်က ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုအား တက်ကြွစွာ တွန်းအားပေးခြင်းဖြင့် တရုတ်-မက္ကဆီကို ချစ်ကြည်ရင်းနှီးမှု အကြောင်းအရာများအား အတူတကွ ကောင်းမွန်စွာ တင်ဆက်နိုင်ကြောင်း၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ တက်ကြွစွာဖော်ဆောင်ခြင်းဖြင့် အဓိကအရေးကိစ္စများတွင် အပြန်အလှန် ပံ့ပိုးအားပေးကာ အတူတကွထုတ်ဖော်ပြောကြားနိုင်ကြောင်း၊ အမြင်ရပ်တည်ချက်များအား အပြုသဘော ညှိနှိုင်း၍ နိုင်ငံတကာစင်မြင့်ထက်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ပြောဆိုသံအား အတူတကွတိုးချဲ့နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
墨西哥参议长:愿与中方加强媒体与文化交流
新华社墨西哥城7月19日电(记者吴昊 翟淑睿)墨西哥参议长费尔南德斯18日表示,愿与新华社加强媒体与文化交流。
费尔南德斯当天在墨西哥联邦参议院会见新华社社长傅华时表示,墨中同为文明古国,历史悠久、传统深厚。两国加强媒体与文化交流,有助于加深相互理解、增进人民友谊,为全球多元文化共生树立典范。
费尔南德斯指出,新华社在国际舆论场中秉持真实、理性、专业立场,特别是在“公共性”受到挑战、虚假信息泛滥的当下。期待新华社继续为全球南方发声,成为全球媒体生态中真实与公正的代表。
费尔南德斯表示,墨方高度重视对华合作,期待在相互尊重、协商一致和互利共赢的基础上,构建平等互信的新型国家关系,真正造福两国人民。
傅华表示,新华社愿与墨参议院携手,增进两国人民彼此了解,赓续传统友谊,为推动中墨全面战略伙伴关系不断迈上新台阶注入正能量。双方可积极推动交流互鉴,共同讲好中墨友好故事;积极开展双边对话,在关键议题上相互支持、共同发声;积极协调观点立场,在国际舞台上共同放大全球南方国家声量。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.