Connect with us

Africa & Middle East

ဆီးရီးယားအရေး ဖြေရှင်းရာတွင် ကူညီရန် အဆင့်လေးဆင့်ပါ ကနဦး စီမံချက်အား တရုတ်နိုင်ငံ အဆိုပြု

ဂရိနိုင်ငံသို့ ထွက်ပြေးလာကြသော ဆီးရီးယား ရွှေ့ပြောင်း ဒုက္ခသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယာနာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ဆီးရီးယား အရေး၌ နိုင်ငံရေး ဖြေရှင်းမှု ရရှိရန် အတွက် ပဋိပက္ခ အခြေအနေများ ကြားမှ ဘုံအကျိုးစီးပွား အခြေအနေ တစ်ခုအား ဖန်တီး ရှာဖွေပေးရန် နိုင်ငံတကာ အသိုင်းအဝန်းအား တရုတ်နိုင်ငံက အောက်တိုဘာလ ၃၀ ရက်နေ့က တိုက်တွန်း လိုက်သည်။

တရုတ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး လီ ဘိုဒန်းသည် ဆီးရီးယားအရေး နှင့်ပတ်သက်၍ နိုင်ငံရေး အရ အဖြေရှာရာတွင် ကူညီရန် အဆင့် လေးဆင့်ပါသော ကနဦး စီမံချက်အား ဗီယင်နာ ဆွေးနွေးပွဲ၌ အဆိုပြု ခဲ့သည်။

လီက တရုတ်နိုင်ငံ အနေဖြင့် ဆီးရီးယား အရေးတွင် ပါဝင်နေသည့် အုပ်စုများ အားလုံးအား အကြမ်းဖက်မှု တိုက်ဖျက် ရေး ကတိပြုခြင်းဖြင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များဖြင့် ပြုလုပ်ကြရန် တိုက်တွန်း လိုက်သည်။

ကုလသမဂ္ဂက ဦးစီးပြီး ကျယ်ပြန့်၍ သီးသန့်ဖြစ်ပြီး ညီမျှသော ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံရေး အကူးအပြောင်းအား စီစဉ်သင့်ကြောင်း လီက အကြံပြုထားသည်။

ကုလသမဂ္ဂ အနေဖြင့် ဆီးရီးယား အရေး ဖြေရှင်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း လီက ပြောသည်။စစ်ပွဲ ပြီးဆုံးသွားခဲ့ပါက ဆီးရီးယား၏ ပြိုင်ဘက်အုပ်စုများ အနေဖြင့် ငြိမ်းချမ်းရေး၏ အကျိုးရလဒ်များ ရရှိစေရန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် စတင်ရေးအတွက်လည်း ၎င်းက အဆိုပြုခဲ့သည်။

ဆီးရီးယား နိုင်ငံအတွင်း လူသားချင်း စာနာမှုပဋိပက္ခနှင့် ဥရောပသမဂ္ဂ အတွင်း ရွှေ့ပြောင်း ဒုက္ခသည်များ အရေးတို့ကို ဖြစ်ပေါ်လာစေသော ဆီးရီးယား ပဋိပက္ခအတွက် အဖြေရှာ နိုင်ရန် သံတမန် လုပ်ငန်းစဉ်များ ရှေ့ဆက်ပြုလုပ်ရေး အတွက် ဆွေးနွေးပွဲများကို နှစ်ပတ်အတွင်း ပြန်လည် ပြုလုပ်သွားမည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117