Connect with us

Africa & Middle East

အဖွဲ့အစည်း သုံးခုအား အကြမ်းဖက် အဖွဲ့အဖြစ် အစ္စရေး စာရင်းသွင်း

ပါလက်စတိုင်း ဒုက္ခသည် ကလေးငယ်များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အိုင်အက်စ် အဖွဲ့ (Islamic State=IS)၊ အယ်လ်နျူစရာ တပ်ဦး Al-Nusra Front နှင့် အဗ္ဗဒူလာ အာဇမ် တပ်ဖွဲ့ Abdullah Azzam Brigades စသည့် အဖွဲ့သုံးဖွဲ့အား တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် စာရင်း သွင်းလိုက်ကြောင်း အစ္စရေး အစိုးရ အဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် တရားဝင် ကြေညာလိုက်သည်။

အိုင်အက်စ် အဖွဲ့သည် အစ္စရေးနိုင်ငံအတွင်း ၎င်းနှင့်ဆက်စပ်နေသော အဖွဲ့များကို စည်းရုံး လှှုံ့ဆော် ခဲ့ကြောင်း ဝန်ကြီး ချုပ်ရုံး ကြေညာချက်တွင် ဖော်ပြထားသည်။

“IS စစ်သွေးကြွ အဖွဲ့က ၎င်းတို့ ထိန်းချုပ်မှုများ အောက်မှာ နယ်ပယ် ချဲ့ထွင်နိုင်ဖို့ လုပ်နေသလို တစ်ချိန်တည်း မှာပဲ အရှေ့အလယ်ပိုင်း ဒေသနဲ့ ကမ္ဘာတစ်ဝန်းရှိ မူဆလင်များထံမှ ပိုမို ကျယ်ပြန့်စွာ ထောက်ပံ့ မှုရရှိ ရေးတွေ လုပ်ဆောင်နေတယ်” ဟု ကြေညာချက်တွင် ပြောသည်။

Al-Nusra Front နှင့် Abdullah Azzam Brigades အဖွဲ့များသည်လည်း အယ်လ်ကိုင်းဒါး အဖွဲ့ဝင် အဖွဲ့အ စည်းများ ဖြစ်သည်။ အဆိုပါ ဝရမ်းပြေး အဖွဲ့များသည် အစွန်းရောက် ဂျီဟတ် စစ်သွေးကြွတပ်ဖွဲ့ဝင်များ ဖြစ်သလို ဆီးရီးယား အစိုးရအား ဆန့်ကျင်သော အဖွဲ့များဖြစ်ကြောင်း သိရသည်။

“IS, Al-Nusra Front နှင့် Abdullah Azzam Brigades အပါအဝင် အခြား အကြမ်းဖက်အဖွဲ့တွေကို ကျွန်တော် တို့ ဆက်လက် တိုက်ခိုက်သွားမှာပါ” ဟု ဝန်ကြီးချုပ် ဘင်ဂျမင် နတ်တန်ရာဟူက အစည်းအဝေး အစပိုင်းတွင် ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးကို ဆန့်ကျင်ပြီး အကြမ်းဖက်သူများနှင့် ဆက်သွယ်သော မည်သူ့ကိုမဆို အစ္စရေး နိုင်ငံသား အဖြစ် သတ်မှတ်မည် မဟုတ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။
၎င်းက လွန်ခဲ့သော ရက်သတ္တပတ်များအတွင်းက ဂလိုက်ဒါ အသုံးပြု၍ နယ်စပ်ကို ဖြတ်သန်းပြီး IS အဖွဲ့နှင့် ပူး ပေါင်းရန် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်သွားသော အာရပ် နိုင်ငံသားများ တပ်ဦး ရည်ညွှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုသို့သော သူများ၏ နိုင်ငံသား ဖြစ်မှုအား အစ္စရေး အစိုးရမှ ပယ်ဖျက်မည် ဖြစ်ပြီး အနာဂတ်၌လည်း အလားတူ ကိစ္စများလည်း ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း နတ်တန်ရာဟူက ပြောသည်။
အာရပ် အစ္စရေး ဒါဇင်ပေါင်းများစွာသည် လွန်ခဲ့သော နှစ်နှစ်အတွင်းက ဆီးရီးယားသို့ သွားရောက်၍ IS သို့မဟုတ် အခြား ဂျီဟတ်အဖွဲ့များနှင့် ပူူးပေါင်း ခဲ့ကြသဖြင့် ဥပဒေအရ အရေးယူ ခံခဲ့ရသည်။
အာရပ် အစ္စရေးအများစုသည် ပါလက်စတိုင်းလူမျိုးများ ဖြစ်ကြပြီး ၁၉၄၈ ခုနှစ် အစ္စရေး လွတ်လပ်ရေး စစ်ပွဲကာလကတည်းက နိုင်ငံသား အဖြစ် ကျန်ရှိနေခဲ့ပြီး လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။(Xinhua)