Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်မှု စတင်

တရုတ်နိုင်ငံအတွင်းရှိ မြန်နှုန်းမြင့် ရထားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ကျန့်ကျိုး၊ နိုဝင်ဘာလ ၁ ရက် (ဆင်ဟွာ)

တရုတ်ပြည် အလယ်ပိုင်း ဟိုင်နန်ပြည်နယ် နှင့် ဟူဘေး ပြည်နယ်များ အား အနောက်တောင်ပိုင်း ချုံချင့် ဒေသန္တရ အုပ်ချုပ်ရေးနယ် နှင့် ဆက်သွယ်ပေးမည့် မြင့်နှုန်းမြင့် ရထားလမ်းတည်ဆောက်မှုကို အောက်တိုဘာလ ၃၀ ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။

ဟိုင်နန် ပြည်နယ် ရထားလမ်းပိုင်း တည်ဆောက်မှု သည် ရထားလမ်းအရှည် စုစုပေါင်း ၃၅၀ ကီလိုမီတာ ရှိပြီး ပင်းဒင်ရှန်း မြို့မှ စတင်မည်ဖြစ်ကြောင်း နှင့် ခန့်မှန်း ရင်းနှီးမြှုပ်နှံငွေ တရုတ်ယွမ် ၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၆ဘီလီယံ) ရှိကြောင်း သိရသည်။

၈၁၈ ကီလိုမီတာ ရှည်လျားသည့် လျှပ်စစ်ရထားလမ်းသည် ဟိုင်နန်ပြည်နယ် မြို့တော် ကျန့်ကျုးိ နှင့် ချုံချင့်ပြည်နယ် ဝမ်းကျိုးခရိုင် ကို ဆက်သွယ် ပေးသွားမည်ဖြစ်ပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ နှုန်း ပြေးဆွဲနိုင်ရန် ပုံစံရေးဆွဲ ထားကြောင်းသိရသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ်ယွမ် ၁၂၀ ဘီလီယံ ခန့်ရှိမည် ဟု ခန့်မှန်းကြောင်းသိရသည်။

ရထားလမ်း တည်ဆောက်မှု ပြီးစီးသွားချိန်တွင် ကျန့်ကျိုးမှ ချုံချင့် သို့ သွားရန်ကြာချိန် အား ၁၇ နာရီမှ ၄ နာရီအထိ လျှော့ချ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117