Connect with us

International Organizations

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီး (Kim Keon-hee) ဖမ်းဆီးခံရ

ဆိုးလ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဩဂုတ် ၁၂ ရက် ညသန်းခေါင်တွင် သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီးအား ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်းတွင် ဂင်မ်ဂွန်ဟီး (Kim Keon-hee) အား ၄ နာရီခန့်ကြာ ဖမ်းဆီးမှုမတိုင်မီ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြောင်း၊ ယင်းမှာ ဖမ်းဆီးမှုဆိုင်ရာ လိုအပ်သည့် စိစစ်မှုဖြစ်ရာ အဆိုပါနေ့ ညသန်းခေါင်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း၊ အကြောင်းရင်းမှာ “(သံသယရှိသူက) သက်သေအထောက်အထားများအား ဖျက်ဆီးပစ်မည်ကို စိုးရိမ်ရသည့်အတွက်” ဖြစ်ကြောင်း၊ စစ်ဆေးမေးမြန်းမှုပြီးနောက် ဂင်မ်ဂွန်ဟီးအား ဆိုးလ်တောင်ပိုင်း အချုပ်စခန်းသို့ ပို့ဆောင်ခဲ့ပြီး တရားရုံးမှ ဖမ်းဝရမ်းအတည်ပြုပြီးနောက် ထိုနေရာတွင်ပင် ဖမ်းဆီးခဲ့ကြောင်း Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
………………………
(Chinese Version)
韩国前总统尹锡悦妻子金建希被捕
新华社照片,首尔,2025年8月13日
韩国首尔中央地方法院12日深夜签发对前总统尹锡悦妻子金建希的逮捕令。据韩联社报道,首尔中央地方法院12日白天对金建希进行了约4个小时的逮捕前讯问,即逮捕必要性审查,于当天深夜签发逮捕令,理由是“担心(嫌疑人)销毁证据”。金建希在讯问结束后被送至首尔南部拘留所,法院批捕后,被当场收押。
这是8月12日在韩国首尔中央地方法院拍摄的韩国前总统尹锡悦妻子金建希(中)。新华社/纽西斯通讯社