China
၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလတစ်လျှောက် ဒစ်ဂျစ်တယ်တရုတ်နိုင်ငံ တည်ဆောက်မှုတွင် သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်များ ရရှိ

ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလတွင် တရုတ်နိုင်ငံသည် ဒေတာကဏ္ဍ ဈေးကွက်အသွင် သင့်လျော်စွာ တွဲဖက်စီမံခင်းကျင်းရေး ပြုပြင်ပြောင်းလဲမှုကို ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်ခဲ့ပြီး ဒစ်ဂျစ်တယ်အသွင်၊ အစိမ်းရောင်အသွင် ဟန်ချက်ညီစွာ အသွင်ပြောင်းတိုးတက်ရေးကို အရှိန်မြှင့်တင်ခဲ့ရာ ဒစ်ဂျစ်တယ်တရုတ်နိုင်ငံ တည်ဆောက်မှုကို သိသာထင်ရှားသည့် အောင်မြင်မှုရရှိအောင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ပါတီ အဖွဲ့ဝင်၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) အကြီးအကဲ လျိုလျဲ့ဟုန်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) မှ ဩဂုတ် ၁၄ ရက်တွင် ကျင်းပသည့် “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အစီအစဉ် အရည်အသွေးမြင့် ပြီးမြောက်အောင် ဆောင်ရွက်ခြင်း” ဆိုင်ရာ အကြောင်းအရာများ သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ပြောကြားခဲ့သည်။
၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလတွင် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦသည် လျင်မြန်စွာ သိသိသာသာ တိုးတက်ခဲ့ရာ တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦသည် ပမာဏ၊ နည်းပညာ စသည့်ကဏ္ဍတွင် ကမ္ဘာဦးဆောင်နေရာ၌ ရှိကြောင်း လျိုလျဲ့ဟုန်က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ 5G အခြေစိုက်စခန်း စုစုပေါင်း အရေအတွက်သည် ၄.၅၅ သန်းအထိ လည်းကောင်း၊ ဂစ်ဂါဘစ် ဘရော့ဒ်ဘန်း အသုံးပြုသူမှာ ၂၂၆ သန်းအထိ လည်းကောင်း ရှိလာရာ ကွန်ပြူတာစွမ်းရည် ပါဝါ စုစုပေါင်း ပမာဏမှာ ကမ္ဘာ့ဒုတိယဖြစ်ပြီး လူမှုစီးပွားတိုးတက်ရေးအတွက် အားကောင်းသည့် တွန်းအားဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆင့်မြင့် ချိ(ပ်)များနှင့် စက်လည်ပတ်ရေးစနစ် စသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ရပ်တည်မှုနှင့် ထိန်းချုပ်မှု လိုအပ်ချက်များနှင့်စပ်လျဉ်းအပေါ် လျိုလျဲ့ဟုန်က မိတ်ဆက်ပြောကြားရာ၌ နှစ်ပေါင်းများစွာ အခက်အခဲများကို ဆက်တိုက် ကျော်လွှားပြီးနောက် ဒစ်ဂျစ်တယ်ကဏ္ဍသည် ဗဟိုအချက်အချာနည်းပညာတစ်သုတ်ကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ ယင်းအခက်အခဲများကို တစ်လှမ်းစီဖြေရှင်းခဲ့ရာ တရုတ်နိုင်ငံ၏ သိသာထင်ရှားသည့် တိုးတက်မှုရလဒ်များကို ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အိုင်စီပတ်လမ်း (integrated circuit) ကဏ္ဍကို အရှိန်မြှင့် ခင်းကျင်းစီစဉ်ခဲ့ရာ ဒီဇိုင်းဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ ပါကင်ပိတ်စမ်းသပ်ခြင်း၊ ကုန်ကြမ်းနှင့် စက်ပစ္စည်းကိရိယာ စသည့် ပြီးပြည့်စုံသော ကုန်ထုတ်လုပ်ငန်းကွင်းဆက် ဖြစ်တည်ခဲ့ကြောင်း၊ စက်လည်ပတ်ရေးစနစ်များကဏ္ဍသည်လည်း အရှိန်မြှင့် ဦးမော့လာခဲ့ရာ HarmonyOS System ဂေဟစနစ် စက်ပစ္စည်း စုစုပေါင်းပမာဏမှာ ၁.၁၉ ဘီလီယံကျော်ရှိပြီး လက်ကိုင်ဖုန်း၊ မော်တော်ယာဉ်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း စသည့် ထုတ်ကုန်ပစ္စည်း အမျိုးအစားပေါင်း ၁,၂၀၀ ကျော်အတွက် “ဉာဏ်ရည်သုံး အချက်အချာ” အဖြစ် ထည့်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဉာဏ်ရည်တု ဘက်စုံစွမ်းရည်မှာလည်း ယေဘုယျအားဖြင့် စနစ်တကျ ခုန်ပျံလွှားတိုးတက်လျက်ရှိရာ ဉာဏ်ရည်တုမူပိုင်ခွင့် အရေအတွက်သည် ကမ္ဘာတစ်ဝန်း စုစုပေါင်းပမာဏ၏ ၆၀ ရာခိုင်နှုန်းရှိသလို လူပုံစံတူစက်ရုပ်၊ စမတ် တာမီနယ်လ် (Smart terminal) စသည့်ကဏ္ဍများတွင် စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်လျက်ရှိကြောင်း သိရသည်။
၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလတစ်လျှောက်တွင် တရုတ်နိုင်ငံ၏ ဒေတာလုပ်ငန်းကဏ္ဍပမာဏမှာ လျင်မြန်စွာ တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံ ဒေတာဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန၏ သုတေသနပြုမှုများအရ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ဒေတာကဏ္ဍလုပ်ငန်း အရေအတွက် စုစုပေါင်း ၄၀၀,၀၀၀ ကျော်ရှိပြီး ဒေတာလုပ်ငန်းပမာဏမှာ ယွမ် ၅.၈၆ ထရီလီယံအထိရှိရာ ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းပြီးဆုံးချိန်နှင့် နှိုင်းယှဉ်ပါက ၁၁၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံ၏ ဆော့ဝဲလ် ဝင်ငွေပမာဏသည် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းတိုးလာပြီး သတ်မှတ်ပမာဏအထက်ရှိသည့် အီလက်ထရွန်းနစ် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်း၏ ထပ်တိုးတန်ဖိုးသည် ၇၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။
၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလတွင် တရုတ်နိုင်ငံသည် ဒေတာကဏ္ဍ ဈေးကွက်အသွင် သင့်လျော်စွာ တွဲဖက်စီမံခင်းကျင်းရေး ပြုပြင်ပြောင်းလဲမှုများကို စနစ်အသွင် တွန်းအားပေးဆောင်ရွက်ရာ စုံညီသည့်မူဝါဒကို “အတွဲလိုက်ဖော်ဆောင်” ခဲ့ပြီး များပြားလှသည့်ဒေတာအားသားချက်များကို နိုင်ငံ၏ယှဉ်ပြိုင်မှုအားသာချက်အသစ်အဖြစ် ပြောင်းလဲရန် တွန်းအားခဲ့ကြောင်း လျိုလျဲ့ဟုန်က ပြောကြားခဲ့သည်။
“၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကို မျှော်မှန်းကြည့်မယ်ဆိုရင် ဒစ်ဂျစ်တယ် တရုတ်နိုင်ငံ တည်ဆောက်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်မှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိမယ် ကျွန်တော်တို့ ယုံကြည်သလို၊ စွမ်းဆောင်ရည်လည်းရှိတယ်။ ဒေတာကဏ္ဍနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးတာက ပြည်သူတစ်ရပ်လုံး ဒစ်ဂျစ်တယ်အသွင် တိုးတက်တဲ့အကျိုးရလဒ်ကို ပိုမိုကောင်းမွန်စွာ မျှဝေခံစားရစေမှာ ဖြစ်ပါတယ်” ဟု လျိုလျဲ့ဟုန်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) ၏ ဩဂုတ် ၁၄ ရက်တွင် ကျင်းပသည့် “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အစီအစဉ် အရည်အသွေးမြင့် ပြီးမြောက်အောင် ဆောင်ရွက်ခြင်း” ဆိုင်ရာ အကြောင်းအရာများ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ပါတီ အဖွဲ့ဝင်၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) အကြီးအကဲ လျိုလျဲ့ဟုန်၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) ဒုတိယ အကြီးအကဲ စိန်ကျူလျင်၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) ဒုတိယ အကြီးအကဲ ချန်ရုန်ဟွေး၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) ဒုတိယအကြီးအကဲ ရှပင်း တို့က ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလ ဒစ်ဂျစ်တယ် တရုတ်နိုင်ငံ တည်ဆောက်ရေး တိုးတက်အောင်မြင်မှုများအား မိတ်ဆက်၍ မေးမြန်းမှုများအား ပြန်လည်ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) ၏ ဩဂုတ် ၁၄ ရက်တွင် ကျင်းပသည့် “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အစီအစဉ် အရည်အသွေးမြင့် ပြီးမြောက်အောင် ဆောင်ရွက်ခြင်း” ဆိုင်ရာ အကြောင်းအရာများ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ပါတီ အဖွဲ့ဝင်၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) အကြီးအကဲ လျိုလျဲ့ဟုန်၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) ဒုတိယ အကြီးအကဲ စိန်ကျူလျင်၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) ဒုတိယ အကြီးအကဲ ချန်ရုန်ဟွေး၊ အမျိုးသား ဒေတာစီမံခန့်ခွဲမှုဌာန (NDA) ဒုတိယအကြီးအကဲ ရှပင်း တို့က ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလ ဒစ်ဂျစ်တယ် တရုတ်နိုင်ငံ တည်ဆောက်ရေး တိုးတက်အောင်မြင်မှုများအား မိတ်ဆက်၍ မေးမြန်းမှုများအား ပြန်လည်ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
高质量完成“十四五”规划|“十四五”以来数字中国建设取得显著成就
新华社北京8月14日电(记者古一平、高亢)国家发展改革委党组成员、国家数据局局长刘烈宏14日在国新办举行的“高质量完成‘十四五’规划”系列主题新闻发布会上介绍,“十四五”时期,我国全面深化数据要素市场化配置改革,加快数字化绿色化协同转型发展,推动数字中国建设取得显著成就。
刘烈宏表示,“十四五”时期我国数字基础设施实现长足发展,我国数字基础设施在规模、技术等方面处于世界领先地位。截至2025年6月底,5G基站总数达到455万个,千兆宽带用户达2.26亿户,算力总规模位于全球第二,有力带动经济社会发展。
针对我国在高端芯片、操作系统等方面自主可控不足的问题,刘烈宏介绍,经过多年持续攻坚,数字领域突破了一批关键核心技术,这些问题逐步解决,展现出我国显著的发展成绩。我国集成电路加快布局,形成覆盖设计、制造、封装测试、材料和装备的完整产业链;国产操作系统加速崛起,鸿蒙系统生态设备总量突破11.9亿台,为手机、汽车、家电等1200多类产品装上“智能中枢”;我国人工智能综合实力实现整体性、系统性跃升,人工智能专利数量占全球总量的60%,人形机器人、智能终端等领域不断突破。
“十四五”以来,我国数据产业规模快速增长。据国家数据发展研究院研究,2024年,全国数据企业数量超过40万家,数据产业规模达5.86万亿元,较“十三五”末增长117%;截至2024年底,我国软件收入规模较2020年增长80%,规模以上电子信息制造业增加值增长超70%。
刘烈宏表示,“十四五”以来,我国体系化推进数据要素市场化配置改革,打出了一套政策“组合拳”,推动海量数据优势不断转化为国家竞争新优势。
“展望‘十五五’,我们有信心、有能力在数字中国建设的征程上取得更大成就,推动数据要素赋能经济社会发展,让全体人民更好共享数字化发展红利。”刘烈宏说。(完)
1. 8月14日,国务院新闻办公室在北京举行“高质量完成‘十四五’规划”系列主题新闻发布会。这是国家发展改革委党组成员、国家数据局局长刘烈宏在会上介绍情况。 新华社记者 李鑫 摄
2,3. 8月14日,国务院新闻办公室在北京举行“高质量完成‘十四五’规划”系列主题新闻发布会。国家发展改革委党组成员、国家数据局局长刘烈宏,国家数据局副局长沈竹林,国家数据局副局长陈荣辉,国家数据局副局长夏冰介绍“十四五”时期数字中国建设发展成就,并答记者问。 新华社记者 李鑫 摄