Connect with us

Asia

တရုတ်-လာအို မီးရထားလမ်းက လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးကာ လူနေမှုဘဝကို မြှင့်တင်ပြောင်းလဲပေး

လာအိုနိုင်ငံ လူအန် ပရာဘန်ပြည်နယ်ရှိ တရုတ်-လာအို မီးရထားလမ်းတံတားပေါ်မှ ခရီးသည်တင် ရထားတစ်စင်း ဖြတ်သန်းခုတ်မောင်းနေပုံကို ၂၀၂၃ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်-လာအို မီးရထားလမ်းက ကုန်သွယ်မှု မြှင့်တင်ပေးခြင်း၊ သယ်ယူပို့ဆောင်မှု ထိရောက်မြန်ဆန်စေရန် မြှင့်တင်ပေးခြင်းနှင့် အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်အတွင်း ဝင်ရောက်နေရာယူနိုင်မှု ချဲ့ထွင်ပေးခြင်းတို့ဖြင့် လာအိုနိုင်ငံအား အသွင်ပြောင်း‌ပေးလျက်ရှိသကဲ့သို့ လာအိုပြည်သူများ၏ နေ့စဉ်လူနေမှုဘဝကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
တရုတ်-လာအို မီးရထားလမ်းအား စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ ကုန်စည်တန်ချိန် ၁၄ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ပြီးဖြစ်ရာ လာအိုနိုင်ငံအား ဒေသတွင်းနှင့် နိုင်ငံတကာ ဈေးကွက်များနှင့် ချိတ်ဆက်ပေးသည့် အလွန်အရေးပါသော ကွင်းဆက်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း အဆိုပါ ရထားလမ်းမှာ တန်ချိန် ၃.၄၇ သန်းအား သယ်ယူပို့ဆောင်ပေးခဲ့သည့်အတွက် ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရသည်။ အထူးသဖြင့် ထိုကာလအတွင်း သစ်သီးတန်ချိန် ၁၇၁,၀၀၀ အား ပို့ဆောင်ပေးခဲ့ပြီး ယခင်နှစ် ကာလတူထက် ၆၂.၈ ရာခိုင်နှုန်း တိုးတက်လာသည့်အတွက် လာအိုနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများကို အထောက်အကူပြုရာတွင် ပိုမိုအားကောင်းသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။
လာအိုနိုင်ငံ တောင်ပိုင်း ဆဗန်နာခက်ပြည်နယ်မှ သစ်သီးရောင်းသူနှင့် စိုက်ပျိုးရေးသမားတစ်ဦးဖြစ်သူ ဆာအီနွိုင်းက တရုတ်-လာအို ရထားလမ်းမှာ လာအိုတောင်သူများ၏ စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်မှု တိုးချဲ့နိုင်ရေးနှင့် နိုင်ငံတကာ ဈေးကွက်များဆီသို့ ထိုးဖောက်နေရာယူနိုင်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
“အခုလို သယ်ယူပို့ဆောင်ရေး တိုးတက်ကောင်းမွန်လာခြင်းက တောင်သူတွေရဲ့ ဝင်ငွေကို တိုးပွားစေပြီး စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးကို တွန်းအားပေးခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်လာအောင် စေ့ဆော်ပေးသလို ဒေသခံ လူမှုအသိုက်အဝန်းအတွက် အလုပ်အကိုင်များကိုလည်း ပိုမိုဖန်တီးပေးနိုင်ခဲ့ပါတယ်” ဟု ဆာအီနွိုင်းက ဩဂုတ် ၂၁ ရက်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“အဲဒီမီးရထားလမ်းဟာ လယ်ယာစိုက်ပျိုးရေးအတွက်တင်မကဘဲ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍမှာလည်း အလုပ်အကိုင်တွေ ဖန်တီးပေးခဲ့သလို ရထားလမ်းတစ်လျှောက်မှာရှိတဲ့ လူမှုအသိုက်အဝန်းတွေကို ပိုမိုအကျိုးဖြစ်ထွန်းစေခဲ့ပြီး ဒေသတွင်း စီးပွားရေးကို နှိုးဆွပေးရာမှာလည်း အထောက်အကူဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။
ယေဘုယျအားဖြင့် အဆိုပါ ရထားလမ်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးရုံမျှမက ကျေးလက်ဒေသများ၌ လူနေမှုဘဝများကို တိုးတက်စေကာ မျှော်လင့်ချက်များကိုလည်း မြှင့်တင်ပေးလျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လာအိုနိုင်ငံ၏ ပို့ကုန်တင်ပို့မှုများကို မြှင့်တင်ရန် အမြော်အမြင်ရှိသော မဟာဗျူဟာတစ်ရပ် ဖော်ဆောင်ကာ တစ်ချိန်တည်းတွင် မီးရထားလုပ်ငန်း စွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှု အရည်အသွေးကို မြှင့်တင်ရန် ရည်ရွယ်လျက် လာအို-တရုတ် မီးရထားကုမ္ပဏီလီမိတက် (LCRC) က ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အတွက် သယ်ယူပို့ဆောင်မှု စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့‌သည်။
LCRC က အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ အပါအဝင် လာအိုနိုင်ငံ၏၏ ကုန်စည်များ သယ်ယူပို့ဆောင်ရေးကို အဓိကဦးစားပေးမည်ဟု ထပ်လောင်းကတိပြုခဲ့သည်။ ယင်းအား အားဖြည့်လုပ်ဆောင်သည့်အနေဖြင့် လယ်ယာစိုက်ပျိုးရေး ပို့ကုန်များအတွက် မီးရထားခရီးစဉ်များကို တိုးမြှင့်ပြေးဆွဲခဲ့ကာ လုပ်ထုံးလုပ်နည်းများ ရိုးရှင်းထိရောက်ရေး၊ ကုန်စည်ထုတ်ယူခွင့်ကြာချိန်ကို လျှော့ချရေး၊ အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးနိုင်မှု သေချာစေရေးအတွက် လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အကောက်ခွန် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ LCRC အနေဖြင့် မီးရထားပြေးဆွဲမှုများ ထိရောက်မြန်ဆန်မှုရှိရေးအတွက် အသေးစိတ် လုပ်ငန်းစီမံချက်နှင့် ညှိနှိုင်းဆောင်ရွက်ရေး ယန္တရား ဖော်ဆောင်ရန် သက်ဆိုင်သူအားလုံးနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အထောက်အကူပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/59o

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တရုတ်-လာအို မီးရထားလမ်းပိုင်းရှိ ဗီယင်ကျန်း ဘူတာမှ ခရီးသည်များ ထွက်ခွာလာသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တရုတ်-လာအို မီးရထားလမ်းပိုင်းရှိ ဗီယင်ကျန်း ဘူတာသို့ ခရီးသည်များ ဝင်ရောက်လာသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………………………………………………………
(English Version)
China-Laos Railway driving Laos’ growth, transforming livelihoods
VIENTIANE, Aug. 22 (Xinhua) — The China-Laos Railway is transforming Laos by boosting trade, improving transport efficiency, and expanding market access, especially for agricultural products, driving national economic growth while enhancing the everyday livelihoods of its people.
Since its launch, the China-Laos Railway has transported more than 14 million tons of goods, becoming a vital link connecting Laos to regional and international markets. In the first seven months of 2025, it carried over 3.47 million tons, marking a 6.8 percent increase compared to the same period last year. Notably, 171,000 tons of fruits were transported during this time, a 62.8 percent increase, highlighting the railway’s growing role in supporting Laos’ agricultural exports.
Saiynoy, a fruit vendor and farmer from southern Laos’ Savannakhet province, said the China-Laos Railway has opened new opportunities for Lao farmers to expand their production and access international markets.
“This improved transportation has increased farmers’ incomes, encouraged higher production, and inspired more people to return to farming, while also creating more jobs for local communities,” Saiynoy told Xinhua on Thursday.
“Beyond agriculture, the railway has created jobs in logistics and trade, helping to stimulate local economies and strengthen communities along the route,” he said.
Overall, the railway is not only driving economic growth but also improving livelihoods and fostering hope in rural areas, he added.
In early August, the Laos-China Railway Co., Ltd. (LCRC) held a consultation meeting to plan transportation for the second half of 2025, aiming to develop a forward-looking strategy to promote Lao exports while enhancing railway capacity and service quality.
The LCRC reaffirmed its commitment to prioritizing the transport of Lao goods, especially agricultural products. To support this, it has increased train routes for agricultural exports and coordinated with Lao and Chinese customs authorities to streamline procedures, reduce clearance time, and ensure timely delivery.
Going forward, the LCRC will work closely with all stakeholders to develop a detailed work plan and coordination mechanism to ensure efficient railway operations and continue contributing to Laos’ economic growth, it said.
English Caption 1
A passenger train runs on a bridge of the China-Laos Railway in Luang Prabang, Laos, May 28, 2023. (Photo by Chen Chang/Xinhua)
English Caption 2
Passengers leave the Vientiane Station of the China-Laos Railway in Vientiane, Laos, Dec. 2, 2024. (Photo by Kaikeo Saiyasane/Xinhua)
English Caption 3
Passengers enter the Vientiane Station of the China-Laos Railway in Vientiane, Laos, Dec. 2, 2024. (Photo by Kaikeo Saiyasane/Xinhua)