Connect with us

Africa & Middle East

တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံနှင့်အတူ မိတ်ဖက်ဆက်ဆံရေး နီးကပ်စွာ ဖွံ့ဖြိုးတက်မှု မြှင့်တင်ရန် သမ္မတ ရှီ ပြောကြား

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်အတူ ခိုင်မာတောင့်တင်းပြီး ဖွံ့ဖြိုးတက်မှုရှိသော ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးတစ်ခုဖော်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ရှီသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ပြုလုပ်သော ၁၀ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးနှင့်တွဲလျက်ကျင်းပစဉ် တွေ့ဆုံခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် သုံးလအတွင်း တတိယအကြိမ်မြောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ တို့ တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဧပြီလကစ၍ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်ပြည်နယ်ရှိ အလွတ်သဘော တွေ့ဆုံစဉ်ကစ၍ အိန္ဒိယနိုင်ငံနှင့်အတူ သစ်လွင်သော နှစ်နိုင်ငံဆက်ဆံရေး တွန်းအားသစ်များ ရှေ့ဆက်ရေး လုပ်ဆောင်ရန် အသင့်ရှိကြောင်း ရှှီက ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2018-07/27/c_137350598_2.htm

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117