Politics, Law & Military
တရုတ်တွင် တရားမဝင် သယ်ဆောင်လာသော သင်းခွေချပ် အသေ ၂,၆၇၄ ကောင်အား ဖမ်းဆီးရမိ
ကွမ်ကျိုး၊ နိုဝင်ဘာလ ၃ ရက်နေ့ (ဆင်ဟွာ)
တရုတ် နိုင်ငံံ တောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ်မှ အကောက်ခွန် အရာရှိများသည် သင်းခွေချပ် အသေ ၂,၆၇၄ ကောင်အား တောရိုင်း တိရိစ္ဆာန်များ တရားမဝင် ကုန်ကူးမှု အနေဖြင့် ဖမ်းဆီး မိခဲ့ကြောင်း သိရသည်။
ကျန်းမန်မြို့ရှိ အကောက်ခွန် အာဏာပိုင်များသည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ငါးဖမ်းစက်လှေ တစ်စီးအား တားဆီး စစ်ဆေးခဲ့ပြီးနောက် စုစုပေါင်းအလေးချိန် ၁၁.၅ တန်လေးသည့် အအေးပုံး ၄၁၄ ပုံးတွင် လျှို့ဝှက်သယ်ဆောင်လာသည့် သင်းခွေချပ် အသေ ၂,၆၇၄ ကောင် အား ရှာဖွေတွေ့ရှိကြောင်း နိုဝင်ဘာလ ၂ရက်နေ့ ကပြောကြားခဲ့သည်။
ယင်း ဖမ်းဆီးရရှိမှုသည် လွန်ခဲ့သော ငါးနှစ် အတွင်း ပုရွက်စားကောင် များ ဖြစ်သည့် သင်းခွေချပ်များအား တရုတ်နိုင်ငံ တောင်ပိုင်းတွင် အကြီးမားဆုံး တရားမဝင် ကုန်ကူးမှု ဖြစ်ကြောင်း သိရသည်။လှေပေါ်ရှိ သံသယရှိသူ နှစ်ဦးအား ထိန်းသိမ်းထားခဲ့ကြောင်းသိရသည်။
အဆိုပါ သံသယရှိသူ နှစ်ဦးသည် တရားမဝင် ခိုးသွင်းလာသည့် သင်းခွေချပ်များအား နိုင်ငံတကာ ရေပြင်တွင် လက်ခံ ရရှိခဲ့ကြောင်းနှင့် အပူပိုင်း မုန်တိုင်း၏ အားသာချက်ကို ယူ၍ ထို သင်းခွေချပ်များအား ကြိုတင် စီစဉ်ထားသည့် နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့လျှင် တစ်ဦးစီသည် တရုတ်ယွမ် ၁၀,၀၀၀ ( အမေရိကန် ဒေါ်လာ ၁,၅၈၀) လက်ခံ ရရှိမည် ဖြစ်ကြောင်း သိရသည်။
သင်းခွေချပ်များသည် တရုတ်နိုင်ငံတွင် ဒုတိယ အတန်းအစား ကာကွယ်ထားသည့် တောရိုင်းတိရိစ္ဆာန် များဖြစ်ပြီး ၎င်းတို့၏ အသားသည် ဈေးကြီးသည့် ဟင်းလျာ တစ်မျိုး ဖြစ်ကာ အကြေးခွံများကို ဆေးဖက်ဝင်သည် ဟု ယူဆကြသောကြောင့် မကြာခနပင် တရားမဝင် ကုန်ကူးမှုများ ရှိနေကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ရာဇဝတ်မှု ဥပဒေအရ နိုင်ငံတော်၏ အဓိက ကာကွယ်ရေး စာရင်းတွင်ပါဝင်သည့် မျုးိတုန်းပျောက်ကွယ်နိုင်သော တောရိုင်းတိရိစ္ဆာန်များအား တရားမဝင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်ပါက ဒဏ်ကြေးနှင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်နိုင် ကြောင်းသိရှိရသည်။ (Xinhua)