Connect with us

China

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံ ပြတိုက်များရှိ ယဉ်ကျေးမှုပစ္စည်းများ စုပေါင်းပြပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသားပြတိုက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံ ပြတိုက်များရှိ ယဉ်ကျေးမှုပစ္စည်းများ စုပေါင်းပြပွဲအား လေ့လာကြည့်ရှုနေသူကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် “ယဉ်ကျေးမှုတို့ ဆုံစည်းရာ – ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ (SCO) နိုင်ငံ ပြတိုက်များရှိ ယဉ်ကျေးမှုပစ္စည်းများ စုပေါင်းပြပွဲ” သည် ဩဂုတ် ၂၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသားပြတိုက်၌ စတင်ဖွင့်လှစ် ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် SCO အဖွဲ့ဝင်နိုင်ငံများရှိ ယဉ်ကျေးမှုပြတိုက် အဖွဲ့အစည်း ၁၀ ခုမှ အဖိုးတန် ယဉ်ကျေးမှုပစ္စည်းပေါင်း ၂၂၀ ခု (အစုံ)အား ရွေးချယ်ပြသထားသောကြောင့် SCO အဖွဲ့ဝင်နိုင်ငံများ၏ နက်ရှိုင်းသော ယဉ်ကျေးမှု အနှစ်သာရကို ထင်ဟပ်စေပြီး SCO အဖွဲ့ဝင်နိုင်ငံများက ပိုးလမ်းမကြီးမှတစ်ဆင့် လုပ်ဆောင်သော ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးမှု၊ အပြန်အလှန် လေ့လာသင်ယူမှု၊ အပြန်အလှန် သက်ရောက်မှုရှိသည့် သမိုင်းဖြစ်စဉ်ကို ဖော်ပြလိုက်ပေသည်။ (Xinhua)

———————–
(Chinese Version)
上合组织国家博物馆藏文物联展在京开幕
新华社照片,北京,2025年8月27日
8月27日,由文化和旅游部主办的“文明的星河——上海合作组织国家博物馆藏文物联展”在北京中国国家博物馆开幕。展览精选上合组织各成员国10家文博机构的文物珍品220件(套),反映了上海合作组织成员国的深厚文明底蕴,展现了上海合作组织各成员国经由丝绸之路进行文明对话、互学互鉴、相互影响的历史进程。
图说:8月27日,观众在参观展览。 新华社记者 金良快 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.