Asia
ရုရှားနိုင်ငံတွင် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းလေးခု အကဲဖြတ်မှုများ စတင်လုပ်ဆောင်

ဗလာတီဗော့စတော့၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
မော်စကို-စိန့်ပီတာစဘတ် ရထားလမ်း လုပ်ငန်းပြီးစီးပြီးနောက် မြန်နှုန်းမြင့်ရထားလမ်း (HSR) စီမံကိန်းလေးခု အတွက် အကဲဖြတ်မှုလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသမီဒီယာများက စက်တင်ဘာ ၈ ရက်တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။
“ကနဦးအကဲဖြတ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း” ရုရှားသယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီးချုပ် Vitaly Savelyev က ပြောကြားခဲ့သည်။ နောက်ထပ် HSR စီမံကိန်းလေးခုအတွက် သတ်မှတ်ချက်မူဘောင်များ လာမည့်နှစ် မတ်လတွင် တင်ပြမည်ဖြစ်ပြီး ရှုထောင့်များစွာ ရှင်းလင်းပြီးဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
မော်စကို-စိန့်ပီတာစဘတ် မြန်နှုန်းမြင့်ရထားလမ်းသည် သမ္မတ ဗလာတီမာပူတင် သဘောတူထားသည့် အဓိက စီမံကိန်း ငါးခုအနက် ပထမဆုံးတစ်ခုဖြစ်သည်။ အခြား မြန်နှုန်းမြင့် စီမံကိန်းရထားလမ်းကြောင်းများမှာ မော်စကို-မင့်စ်ခ်၊ မော်စကို-ရီကတာရင်ဘာ့(ကာဇန်မှတစ်ဆင့်)၊ မော်စကို-အက်ဒလာ နှင့်မော်စကို-ရာဇန်တို့ ပါဝင်ကြောင်း သိရသည်။
ရုရှားနိုင်ငံ ရထားလုပ်ငန်း အဆိုအရ ရုရှား HSR ကွန်ရက်စုစုပေါင်းသည် ၂၀၄၅ ခုနှစ်တွင် ၄,၅၀၀ ကီလိုမီတာ ကျော်လွန်မည်ဟုခန့်မှန်းထားပြီး ရထားအစင်းပေါင်း ၃၀၀ အထိ ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းထားသည်။ မော်စကို- ရီကတာရင်ဘာ့ လမ်းကြောင်းကို ဒုတိယစီမံကိန်းအဖြစ် ဆောင်ရွက်အကောင်အထည်ဖော်မည်ဖြစ်ပြီး နောက်တွင် မော်စကို-အက်ဒလာ၊ မော်စကို-မင့်စ်ခ်နှင့်မော်စကို-ရာဇန်တို့ ဆက်လက်အကောင်အထည်ဖော် သွားမည်ဟု သိရသည်။ (Xinhua)
……………………
(English Version)
Assessment work on 4 new high-speed railway projects underway in Russia
VLADIVOSTOK, Sept. 8 (Xinhua) — Assessment work is already underway on four high-speed railway (HSR) projects in Russia following the development of the Moscow-St. Petersburg line, local media reported on Monday.
“Preliminary assessment work is already underway,” said Russian Deputy Prime Minister for Transport Vitaly Savelyev, adding that he will report on the parameters of the next four HSR projects in March next year, and that many aspects “are already clear.”
The Moscow-St. Petersburg HSR line is the first of five major projects approved by President Vladimir Putin. Other planned routes include Moscow-Minsk, Moscow-Yekaterinburg via Kazan, Moscow-Adler, and Moscow-Ryazan.
According to Russian Railways, the total length of Russia’s HSR network is expected to exceed 4,500 km by 2045, with up to 300 trains operating across the system. The Moscow-Yekaterinburg line is set to be the second project implemented, followed by Moscow-Adler, Moscow-Minsk and Moscow-Ryazan.
Photo : High-speed train models are displayed at the 4th China-Russia Expo held in Harbin, capital of northeast China’s Heilongjiang Province, June 15, 2017. (Xinhua/Wang Kai)