Connect with us

Asia

အိန္ဒိယနိုင်ငံ ဟာယာနာပြည်နယ်တွင် အဲကွန်းမီးလောင်ရာမှ လူသုံးဦးသေဆုံး

နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်တွင် အဲယားကွန်း ကွန်ပရက်ဆာပေါက်ကွဲပြီး လေးထပ် အဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ရာမှ မိသားစုဝင်သုံးဦးသေဆုံးခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါမတော်တဆဖြစ်ရပ်သည် ဟာယာနာပြည်နယ် ဖာရာဒါဘတ်ခရိုင် ဂရင်းဖီးဒေသတွင် ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့၏အဆိုအရ မိသားစုဝင်သုံးဦးသည် ခေါင်မိုးထပ်သို့ ထွက်ပြေးရန်ကြိုးပမ်းခဲ့ရာတွင် တံခါးများပိတ်နေသောကြောင့် အသက်ရှူကျပ်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
လျှပ်စီးပတ်လမ်းပြတ်တောက်ကာ အဲယားကွန်းမီးလောင်ရာမှ ကွန်ပရက်ဆာပေါက်ကွဲပြီး နောက်ဆက်တွဲမီးလောင်မှု ဖြစ်စေခဲ့ကြောင်း ရဲတပ်ဖွဲ့က သံသယရှိခဲ့သည်။ (Xinhua)
…………………….
(English Version)
Blast kills 3 in India’s Haryana
NEW DELHI, Sept. 8 (Xinhua) — Three members of a family were killed Monday after the compressor of an air conditioner exploded, triggering fire in a four-storey residential building in the northern Indian state of Haryana, police said.
The accident took place in Greenfield area of Haryana’s Faridabad district.
According to police, the three tried to escape to the rooftop, but the door was locked, resulting in suffocation.
Police suspected a short circuit, causing a fire of the air conditioner, leading to its explosion and subsequent fire.