Connect with us

China

China Southern လေကြောင်းလိုင်းက ပေကျင်း-ဒိုဟာ တိုက်ရိုက်လေကြောင်းခရီးစဉ်များကို အောက်တိုဘာလတွင် စတင်ပြေးဆွဲမည်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်မြို့ရှိ ကျိုးဆွေကျစ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern လေကြောင်းလိုင်း လေယာဥ်တစ်စင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဒိုဟာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကာတာနိုင်ငံ မြို့တော်ဒိုဟာအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း China Southern လေကြောင်းလိုင်းက စက်တင်ဘာ ၈ ရက်၌ ကြေညာခဲ့သည်။
အဆိုပါလေကြောင်းခရီးစဥ်သည် ကွမ်ကျိုး-ဒိုဟာ လမ်းကြောင်းပြီးနောက် ကာတာသို့ China Southern လေကြောင်းလိုင်း၏ ဒုတိယမြောက် တိုက်ရိုက် ဝန်ဆောင်မှု ဖြစ်လာမည်ဖြစ်သည်။ ယင်းခရီးစဉ်များကို အဲဘတ်စ် A330-300 လေယာဉ်များဖြင့် တစ်ပတ်လျှင် ၃ ကြိမ်၊ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်း၏ ကြေညာချက်အရ သိရသည်။
China Southern လေကြောင်းလိုင်းသည် နှစ်နိုင်ငံအကြား Qatar Airways ၏ အဓိက လမ်းကြောင်းများဖြစ်သော အဆိုပါဝန်ဆောင်မှုအသစ်နှင့် ဒိုဟာမှ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ရှိ နေရာများသို့ ခရီးစဉ် ၁၅ ခုတို့ကို ပံ့ပိုးရန် Qatar Airways နှင့် code-share (အကျိုးတူပူးပေါင်းပြေးဆွဲသည့်) ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးချဲ့မည်ဖြစ်သည်။
“Qatar Airways နဲ့အတူ ကျွန်တော်တို့က ဒိုဟာမှတစ်ဆင့် ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အမေရိကတစ်လွှားရှိ နေရာတွေကို ရောက်ဖို့ တရုတ်ခရီးသည်တွေအတွက် အခွင့်အလမ်းတွေ တိုးချဲ့လုပ်ဆောင်နေပါတယ်” ဟု China Southern Airlines ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ဟန်ဝန်စိန့်က ပြောကြားခဲ့သည်။
Qatar Airways ၏ ကူးသန်းရောင်းဝယ်ရေး အရာရှိချုပ် Thierry Antinori က အဆိုပါ ဝန်ဆောင်မှုသည် နှစ်နိုင်ငံကြား ချိတ်ဆက်မှုကို ပိုမိုတိုးတက်စေပြီး တရုတ်ခရီးသွားများအား Qatar Airways ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်သို့ အဆင်ပြေစွာ ဝင်ရောက်နိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လေကြောင်းလိုင်းနှစ်ခုသည် ကမ္ဘာတစ်ဝန်းရှိ ခရီးသည်များအတွက် အကျိုးရှိစေမည့် ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်ရန် ရည်ရွယ်၍ ကုန်စည်ပို့ဆောင်မှုနှင့် သစ္စာစောင့်သိမှု အစီအစဉ်များကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်လည်း စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
China Southern Airlines to launch Beijing-Doha direct flights in October
DOHA, Sept. 8 (Xinhua) — China Southern Airlines will launch direct flights between Beijing Daxing International Airport and Doha, the capital of Qatar, starting Oct. 16, the carrier announced Monday.
It will be China Southern’s second direct service to Qatar after the Guangzhou-Doha route. The flights will be operated with Airbus A330-300 aircraft three times a week, on Tuesdays, Thursdays and Saturdays, according to the airline.
The carrier will also expand its code-share cooperation with Qatar Airways to cover the new service, Qatar Airways’ major routes between the two countries, and 15 onward connections from Doha to destinations in Africa, the Middle East and Europe.
“Together with Qatar Airways, we are expanding opportunities for Chinese passengers to reach destinations across Europe, the Middle East, Africa and the Americas through Doha,” said Han Wensheng, president and CEO of China Southern Airlines.
Qatar Airways Chief Commercial Officer Thierry Antinori said the service would “further improve the connectivity between the two countries” and provide Chinese travelers with convenient access to Qatar Airways’ global network.
The two airlines also plan to deepen cooperation in areas such as cargo and loyalty programs, aiming to build sustainable partnerships that benefit passengers worldwide. ■
English Caption
This file photo taken on Oct. 23, 2019 shows a plane of China Southern Airlines taking off from Zhoushuizi International Airport in Dalian, northeast China’s Liaoning Province.(Photo by Wang Youmian/Xinhua)
that benefit passengers worldwide. ■