Connect with us

Science & Technology

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူများစာရင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး သြဂုတ်လ ၃ ရက်နေ့ အထိ လိုင်စင်စုစုပေါင်း (၁၅၃) ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

Nationwide Telecommunications License (၄) ခု၊ Network Facilities Service (Individual) License (၅၈) ခု၊ Network Service License (၁၆) ခု၊ Network Facilities Service (Class) License (၄၉) ခု၊ Application Service License (၂၆) ခု၊ လိုင်စင်စုစုပေါင်း (၁၅၃) ခု ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။လိုင်စင်ထုတ်ပေးသည့် ကုမ္ပဏီစာရင်းအား http://www.ptd.gov.mm/LicenseslistDetail.aspx?id=2027 တွင် အသေးစိတ်ကြည့်ရှုနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117