North America
အမေရိကန်-အီရန် ညှိနှိုင်းဆွေးနွေးမှုတွင် ကြီးမားသောတိုးတက်မှုရှိ၊ သို့သော် အမေရိကန်ဘက်က ဒုတိယအစီအစဉ် ပြင်ဆင်ထားကြောင်း ဂျေဒီ ဗန့်စ် ဆို
ဝါရှင်တန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နှင့်အီရန်၏ ညှိနှိုင်းဆွေးနွေးမှုတွင် ကြီးမားသောတိုးတက်မှု ရရှိထားပြီးဖြစ်ကြောင်း၊ သို့သော် အမေရိကန်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှု ပြန်လည်စတင်ရန် ဒုတိယအစီအစဉ်ကို ပြင်ဆင်ထားကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က မေ ၁၉ ရက်တွင် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လက်ရှိတွင် “ရွေးချယ်မှု နှစ်ခုသာရှိ” ကြောင်း၊ “ကောင်းမွန်သည့် သဘောတူညီချက်တစ်ခု ရရှိခြင်း” နှင့် သို့မဟုတ်ပါက စစ်ရေးလှုပ်ရှားမှုဆီသို့ နောက်ပြန်လှည့်ခြင်းသာဖြစ်ကြောင်း၊ အမေရိကန် သမ္မတ ထရမ့်က သဘောတူညီချက် ရရှိရန်မျှော်လင့်ပြီး အီရန်ဘက်ကလည်း သဘောတူညီချက်ရရှိရန် အလေးသာကြောင်း ဂျေဒီ ဗန့်စ်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် အမေရိကန်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှု ပြန်လည်စတင်ရန် ဒုတိယအစီအစဉ်ကို ပြင်ဆင်ထားကြောင်း၊ “ကျွန်တော်တို့က တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားပြီးဖြစ်ပါတယ်” ဟု ထရမ့်သည် မကြာသေးမီက ၎င်းအား ပြောကြားခဲ့ကြောင်း၊ “ကျွန်တော်တို့ အဲဒီအဆင့်အထိ မသွားချင်ပါဘူး၊ ဒါပေမဲ့ လိုအပ်မယ်ဆို သမ္မတက အဲဒီလမ်းကိုလျှောက်လှမ်းဖို့ ဆန္ဒရှိသလို စွမ်းရည်လည်းရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်အနေဖြင့် နျူကလီးယားလက်နက် လုံးဝပိုင်ဆိုင်၍မရကြောင်း၊ ယင်းသည် အမေရိကန်ဘက်၏ “မျဉ်းနီ” ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်က အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ရာတွင် ထိရောက်မှုရှိသော ယန္တရားတစ်ခုတည်ဆောက်ကာ ထိုမှတစ်ဆင့် အီရန်က ၎င်း၏နျူကလီးယားစွမ်းရည် ပြန်လည်တည်ဆောက်နိုင်စွမ်းမရှိခြင်းကို အာမခံရန် မျှော်လင့်ကြောင်း၊ “ဒါကလည်း ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုမှာ အစွမ်းကုန်ရရှိအောင်ကြိုးပမ်းဖော်ဆောင်နေတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်” ဟု ဂျေဒီ ဗန့်စ်က ဆိုသည်။
တစ်ချိန်တည်းတွင် ၎င်းက အမေရိကန်ဘက်အမြင်အရ အီရန်ဘက်သည် ဆွေးနွေးညှိနှိုင်းမှုရပ်တည်ချက် အတိအလင်းမရှိသေးကြောင်း၊ “တစ်ခါတလေမှာ အီရန်သားတွေက ဆွေးနွေးညှိနှိုင်းမှုကနေ ဘာရည်ရွယ်ချက် ဖော်ဆောင်ချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ဖို့ ခက်ခဲပါတယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှုအကြောင်းအရာတွင် ရုရှားဘက်မှ အီရန်၏ သန့်စင်ထားသော ယူရေနီယံများ ရယူခြင်းပါဝင်ပါသလောဟု သတင်းထောက်က မေးမြန်းရာတွင် ဂျေဒီ ဗန့်စ်က “ဒါက အမေရိကန်အစိုးရရဲ့ လက်ရှိအစီအစဉ်မဟုတ်ပါဘူး၊ အီရန်ဘက်က အဆိုပြုတာလည်း မရှိခဲ့ဖူးပါဘူး” ဟု ဆိုသည်။ (Xinhua)
——————
(Chinese Version)
万斯:美伊谈判进展很大 但美方也预备了“B方案”
新华社华盛顿5月19日电(记者黄强 徐剑梅)美国副总统万斯19日在白宫记者会上称,美国与伊朗的谈判已取得“很大进展”,但美方也准备了重启军事行动的“B方案”。
万斯表示,目前“只有两个选项”,要么“达成一个好的协议”,要么回到军事行动。显然,美国总统特朗普希望达成协议,伊朗方面也倾向于达成协议。同时,美方也准备可以重启军事行动的“B方案”。特朗普刚刚告诉他,“我们已经严阵以待”。“我们不希望走到那一步,但如有必要,总统愿意也有能力走那条路。”
万斯强调,伊朗绝不能拥有核武器,这是美方“红线”。美国希望伊朗能与美方合作,建立一套行之有效的机制,从而确保伊朗无法重建其核能力,“这正是我们在谈判中全力争取实现的目标”。
他同时表示,在美方看来,伊方仍未明确谈判立场,“有时候难以弄清楚伊朗人究竟想通过谈判实现什么目的”。
有记者问美伊谈判内容是否涉及由俄罗斯接管伊朗的浓缩铀,万斯说:“这不是美国政府目前的计划。伊朗方面也没有提出过。”(完)
图说:4月11日,美国副总统万斯(前中)抵达巴基斯坦努尔汗空军基地。新华社发
