China
ရှီကျင့်ဖိန်က တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ တည်ထောင်ခြင်း ၂၄ နှစ် ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မေ ၂၀ ရက်တွင် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ တည်ထောင်ခြင်း ၂၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယင်းနိုင်ငံ သမ္မတ Jose Ramos-Horta ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တီမောလက်စ်တေနိုင်ငံတည်ထောင်ခြင်း ၂၄ နှစ်မြောက် အခါသမယတွင် နိုင်ငံ တည်ဆောက်မှု၌ ခိုင်မြဲသောခြေလှမ်းများ လှမ်းချီခဲ့ပြီး ပြည်သူလူနေမှုဘဝက သိသိသာသာ တိုးတက်ကောင်းမွန်လာကြောင်း၊ ယမန်နှစ်တွင် တီမောလက်စ်တေနိုင်ငံသည် အာဆီယံ၌ အဆင်ပြေချောမွေ့စွာပါဝင်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်း သက်ရောက်မှုများ အဆက်မပြတ် မြင့်တက်လာကြောင်း ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ၏ အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် သမိုင်းကြောင်းကြာရှည်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကြွယ်ဝကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သမ္မတ Jose Ramos-Horta က တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်မှုအား အစဉ်အမြဲ အလေးထားမှု၊ နိုင်ငံတကာစင်မြင့်ထက်တွင် တရုတ်နိုင်ငံအား ခိုင်မာစွာ ထောက်ခံအားပေးမှုကို တန်ဖိုးထားချီးကျူးကြောင်း၊ မိမိအနေဖြင့် သမ္မတ Jose Ramos-Horta နှင့်အတူ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် ပိုမိုများပြားသောရလဒ်များ ရရှိရန် တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးခံစားခွင့်များ သယ်ဆောင်ပေးရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平就东帝汶民主共和国成立24周年向东帝汶总统奥尔塔致贺电
新华社北京5月20日电 5月20日,国家主席习近平致电东帝汶总统奥尔塔,祝贺东帝汶民主共和国成立24周年。
习近平指出,建国24年来,东帝汶国家建设迈出坚实步伐,人民生活显著改善。去年东帝汶顺利加入东盟,国际和地区影响不断提升。中国和东帝汶传统友谊源远流长,互利合作成果丰硕。中方赞赏奥尔塔总统一贯重视发展对华关系,在国际场合给予中方坚定支持。我愿同奥尔塔总统一道努力,推动两国全面战略伙伴关系取得更多成果,为两国人民带来更多福祉。(完)
图说:2024年7月29日上午,国家主席习近平在北京人民大会堂同来华进行国事访问的东帝汶总统奥尔塔举行会谈。这是习近平同奥尔塔握手。 新华社记者 李学仁 摄
