International Organizations
ဘရာဇီးအသင်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးအသင်းများကို ယှဉ်နိုင်စွမ်းရှိဟု အန်ဆယ်လော့တီ ပြော
ရီယိုဒီဂျနေးရိုး၊ မေ ၂၀ ရက် (ဆင်ဟွာ)
ဘရာဇီးအသင်းနည်းပြ ကာလို အန်ဆယ်လော့တီက ၎င်း၏ကစားသမားများအနေဖြင့် ကမ္ဘာ့အကောင်းဆုံး အသင်းများကို ခြေရည်တူယှဉ်ကစားနိုင်စွမ်းရှိကြောင်း မေ ၁၈ ရက်က ပြောကြားခဲ့သော်လည်း ယခုနှစ်တွင် ဘရာဇီးအသင်း ကမ္ဘာ့ဖလားကို ခြောက်ကြိမ်မြောက် ရယူနိုင်မည်ဟု ခန့်မှန်းပြောဆိုခဲ့ခြင်းမရှိပေ။
“ကျွန်တော်က ပဉ္စလက်ဆရာမဟုတ်ပေမဲ့ ဒီလောကမှာ နှစ် ၄၀ ကြာ အလုပ်လုပ်ခဲ့တဲ့သူပါ” ဟု အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦး စာရင်းကို အပြီးသတ်ကြေညာခဲ့ပြီးနောက် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
“ဒီအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်နိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော်သိထားသလို ယုံလည်းယုံကြည်ပါတယ်။ ကျွန်တော်တို့ အနိုင်ရလိုစိတ်ရှိဖို့လိုပါတယ်။ အနိုင်ရလိုစိတ်က ပိုပြီးလှုံ့ဆော်မှုပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲတက်နိုင်ရင် ကမ္ဘာ့ဖလားကို ရယူနိုင်မလားလို့ မေးရင်တော့ ‘ရက်စ်’ လို့ပဲပြောပါရစေ။ ကျွန်တော်တို့ ဗိုလ်လုပွဲရောက်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဗိုလ်လုပွဲတက်ပြီး အနိုင်ရဗိုလ်စွဲဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘရာဇီးအသင်းအနေဖြင့် ကမ္ဘာ့ဖလား အုပ်စု-C အဖွင့်ပွဲစဉ်အဖြစ် နယူးဂျာစီတွင် ဇွန် ၁၃ ရက်၌ မော်ရိုကိုအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ထို့နောက် ဟေတီ၊ စကော့တလန်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါ အီတလီနိုင်ငံသားနည်းပြက ပြင်သစ်၊ ဘရာဇီး၊ အာဂျင်တီးနား၊ စပိန်၊ ပေါ်တူဂီနှင့် အင်္ဂလန်အသင်းတို့ကို ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းများအဖြစ် ရွေးချယ်ခဲ့ပြီး ချန်ပီယံအသင်းကို ကြိုတင်ခန့်မှန်းခြင်းက အဓိပ္ပာယ်မရှိဟုလည်း ပြောကြားခဲ့သည်။
“အသင်းတွေ အများကြီးရှိပေမဲ့ ပြီးပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး။ ဘရာဇီးအသင်းကလည်း သူတို့နဲ့ သိပ်ပြီးမကွာလှပါဘူး။ ကျွန်တော်တို့ ယုံကြည်မှုရှိရှိနဲ့ ယှဉ်ပြိုင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
၎င်းအနေဖြင့် ပရိသတ်များကို သတင်းစကားပါးလိုခြင်းရှိမရှိ မေးမြန်းရာတွင် အန်ဆယ်လော့တီက “ကျွန်တော်တို့ကို ယုံပါ။ ကျွန်တော်တို့ ပြိုင်ပွဲဝင်ဖို့ အကောင်းဆုံးပြင်ဆင်နေပါတယ်။ ဘောလုံးဆိုတာ အသေးစိတ်ကျတဲ့အရာတွေ အများကြီးရှိနေတဲ့ ကစားနည်းတစ်ခုဖြစ်ပေမဲ့ ဒီအသင်းအပေါ်မှာ ကျွန်တော် အများကြီးယုံကြည်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ တိုက်ပွဲဝင်သွားပါမယ်” ဟု အန်ဆယ်လော့တီက ပြောသည်။
နည်းပြအန်ဆယ်လော့တီ ရွေးချယ်ခဲ့သည့် ကစားသမား ၂၆ ဦးအနက် ၁၁ ဦးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲဦးထွက်ပါဝင်ကစားမည်ဖြစ်သည်။ ဘရာဇီးအသင်း၌ အတွေ့အကြုံအရှိဆုံး ကစားသမားမှာ နေမာဖြစ်ပြီး ၎င်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လေးကြိမ်မြောက် ပါဝင်ကစားမည်ဖြစ်သည်။
“ခေတ်သစ်ဘောလုံးလောကမှာ အောင်မြင်ဖို့ဆိုရင် ပင်ကိုပါရမီရှိဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။ “ကံကောင်းထောက်မစွာပဲ ဘရာဇီးအသင်းမှာ ပါရမီရှင်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ပင်ကိုပါရမီကို ယုံကြည်ချက်၊ မှန်ကန်တဲ့ စိတ်နေသဘောထား၊ အသင်းလိုက်ညီညွတ်မှု၊ အာရုံစူးစိုက်မှုတွေနဲ့ ပေါင်းစပ်ရပါမယ်။ လွန်ခဲ့တဲ့တစ်နှစ်က ဒီအသင်းကိုရောက်ချိန်မှာ ကျွန်တော် အဲဒီအရာကို စလုပ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။ (Xinhua)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးစာရင်းကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲအပြီးတွင် ဘရာဇီးအသင်းနည်းပြချုပ် ကာလို အန်ဆယ်လော့တီ ပြန်လည်ထွက်ခွာသွားပုံကို ၂၀၂၆ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးစာရင်းကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲမတိုင်မီ အားပေးနေသော ဘရာဇီးအသင်း ပရိသတ်တစ်ဦးအား ၂၀၂၆ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………..
(English Version)
Brazil can match world’s best, says Ancelotti
RIO DE JANEIRO, May 18 (Xinhua) — Brazil manager Carlo Ancelotti said Monday that his players could compete on equal footing with the world’s best, but stopped short of predicting a sixth World Cup title for the South American team this year.
“I’m not a magician, but I’m a worker who has been in this world for 40 years,” Ancelotti said after announcing his final 26-man squad for the tournament in the United States, Mexico and Canada.
“I have the knowledge and confidence that this team can compete with the best teams in the world. We have to be demanding, because demands bring more motivation. Can we win the World Cup if we reach the final? I say yes, we can reach the final. The best thing is to get there and win.”
Brazil will open its campaign against Morocco in New Jersey on June 13 before meeting Haiti and Scotland in Group C.
The Italian named France, Brazil, Argentina, Spain, Portugal and England as the favorites to win the competition, adding that predicting winners was a fool’s game.
“There are many teams, but nobody is perfect,” he said. “Brazil is not far behind them and we will compete with confidence.”
When asked if he had a message for fans, he replied: “Trust us. We are well-prepared to compete. Football is a game of many details, but I have a lot of confidence in this team. We will fight to produce the best version of the national team.”
Eleven of the 26 players named by Ancelotti will be making their World Cup debuts. The most experienced player in the squad is Neymar, who will be making his fourth appearance in football’s showpiece event.
“To succeed in modern football, you need talent,” Ancelotti said. “Fortunately, Brazil has a lot of talent. But you have to combine talent with commitment, the right attitude, teamwork and concentration. That’s the work I started when I arrived here a year ago.”
English Caption 1
Start players of Brazil pose for group photos before the Round of 16 match between Brazil and South Korea at the 2022 FIFA World Cup at Ras Abu Aboud (974) Stadium in Doha, Qatar, Dec. 5, 2022. (Xinhua/Xu Zijian)
English Caption 2
Carlo Ancelotti, head coach of Brazil’s national football team leaves after a press conference announcing the 26-player squad for the 2026 FIFA World Cup in Rio de Janeiro, Brazil, May 18, 2026. (Photo by Daniel Ramalho/Xinhua)
English Caption 3
A fan cheers before a press conference announcing Brazil’s 26-player squad for the 2026 FIFA World Cup in Rio de Janeiro, Brazil, May 18, 2026. (Photo by Daniel Ramalho/Xinhua)
