North America
ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများ ဖြတ်သန်းသွားလာမှုကို ကူညီဆောင်ရွက်ပေးရန် နေတိုးအဖွဲ့ စဉ်းစားနေကြောင်း အမေရိကန်မီဒီယာ ဖော်ပြ
ဝါရှင်တန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြားကို ဇူလိုင်လ လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိပါက နေတိုးအဖွဲ့အနေဖြင့် သင်္ဘောများ အဆိုပါရေလမ်းကြောင်းမှ ဖြတ်သန်းသွားလာမှုကို ကူညီဆောင်ရွက်ပေးရန် စဉ်းစားမည်ဟု နေတိုးအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် Bloomberg သတင်းဌာနက မေ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ယင်းအဆိုပြုချက်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများစွာ၏ ထောက်ခံအားပေးမှု ရရှိထားပြီးဖြစ်သော်လည်း ၎င်းအား အတည်ပြုရန်လိုအပ်သည့် အဖွဲ့ဝင်အားလုံး တစ်ပြေးညီထောက်ခံအားပေးမှုရရှိသည်အထိ မရောက်ရှိသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က လက်ရှိတွင် နေတိုးအဖွဲ့က အဆိုပါရေလက်ကြားအပေါ် ပူးတွဲလှုပ်ရှားမှုလုပ်ဆောင်ခြင်းကို ခွင့်ပြုရန် ကန့်ကွက်နေဆဲဖြစ်သော်လည်း ပိတ်ဆို့မှုအခြေအနေ ဆက်လက်ဖြစ်ပွားမည်ဆိုပါက ၎င်းတို့က နောက်ဆုံးတွင် ယင်းအဆိုပြုချက်အား ထောက်ခံမည်ဟု နေတိုးအဖွဲ့ အဆင့်မြင့်အရာရှိက ဆိုသည်။
နေတိုးအဖွဲ့ ဥရောပမဟာမိတ်တပ် တပ်မှူးချုပ် Alexus Grynkewich က မေ ၁၉ ရက်တွင် ကျင်းပသော သတင်းစာရှင်းပွဲ၌ သက်ဆိုင်ရာဖြစ်နိုင်ခြေနှင့် စပ်လျဉ်းသည့်မေးမြန်းမှုအပေါ် ၎င်းအနေဖြင့် အဆိုပါအရေးကိစ္စအား စဉ်းစားနေကြောင်း၊ “နိုင်ငံရေးဦးတည်ချက်ကို အရင်အတည်ပြုပြီးမှ တရားဝင်စီစဉ်ရေးဆွဲမှုလုပ်ငန်းကို လုပ်ဆောင်မှာပါ” ဟု ဆိုသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံ အကြီးအကဲများအနေဖြင့် ဇူလိုင် ၇ ရက်မှ ဇူလိုင် ၈ ရက်တွင် တူကီယဲနိုင်ငံ မြို့တော်အန်ကာရာတွင် အစည်းအဝေးကျင်းပခဲ့ကြောင်း၊ လက်ရှိတွင် နေတိုးအဖွဲ့အနေဖြင့် စီးပွားရေးလုပ်ငန်းသုံးသင်္ဘောများ အဆိုပါရေလက်ကြားအား ဖြတ်သန်းသွားရန်အတွက် လုံခြုံရေးအာမခံ မည်ကဲ့သို့ ပံ့ပိုးပေးမည်နည်းကို သေချာမသိရသေးကြောင်းလည်း သတင်းကဆိုထားသည်။
အဆိုပါလုပ်ရပ်သည် နေတိုးအဖွဲ့၏ သက်ဆိုင်ရာမူဝါဒများ ပြောင်းလဲမှုဖြစ်လာသည်ကို ဖော်ပြနေကြောင်းလည်း တစ်ချိန်တည်းတွင် သတင်းက ထောက်ပြထားသည်။ ထိုမတိုင်မီ အမေရိကန်၏ နေတိုးအဖွဲ့ မဟာမိတ်နိုင်ငံများက ဘက်အသီးသီးအနေဖြင့် ရန်လိုသည့်လှုပ်ရှားမှုကို ရပ်တန့်ပြီး နေတိုးအဖွဲ့ဝင်မဟုတ်သောနိုင်ငံများ ပါဝင်သည့် ကျယ်ပြန့်သော မဟာမိတ်တစ်ခုကို ဖွဲ့စည်းပြီးမှသာ ဟော်မုဇ်ရေလက်ကြား အရေးကိစ္စများတွင် ကြားဝင်မည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှု စတင်လုပ်ဆောင်ပြီးနောက် ဟော်မုဇ်ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှု အတားအဆီးဖြစ်ခဲ့ကာ နိုင်ငံတကာရေနံဈေးများ မြင့်တက်လာခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က နေတိုးမဟာမိတ်နိုင်ငံများအနေဖြင့် အမေရိကန်က အီရန်အား တိုက်ခိုက်မှုတွင် အားဖြည့်ပေးရန် ငြင်းဆိုမှုကို ကြိမ်ဖန်များစွာ ဝေဖန်ပြောကြားခဲ့သည့်အပြင် နေတိုးအဖွဲ့မှ နုတ်ထွက်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ (Xinhua)
———————
(Chinese Version)
美媒称北约考虑“协助船只”通过霍尔木兹海峡
新华社华盛顿5月19日电(记者黄强 徐剑梅)据美国彭博社19日援引一名北约高级官员的话报道,如果霍尔木兹海峡未能在7月初重新开放,北约将考虑是否“协助船只”通过该水道。
报道说,这一提议已获得多个北约成员国支持,但尚未达到其获通过所需的全体一致支持。北约高级官员说,尽管部分北约国家目前仍反对授权北约针对该海峡开展联合行动,但若封锁局面持续下去,他们最终将会支持这一提议。
北约欧洲盟军最高司令格林克维奇19日在新闻发布会上被问及相关可能性时称,他正在考虑这一问题,“先要确立政治方向,随后才会展开正式的规划工作”。
报道还说,北约成员国领导人将于7月7日至8日在土耳其首都安卡拉举行会议。目前尚不清楚北约将如何为商业船只通过该海峡提供安全保障。
报道同时指出,此举将标志着北约相关策略发生转变。美国的北约盟国此前一直坚称,只有在各方停止敌对行动且组建一个包含非北约国家的广泛联盟之后,才会介入霍尔木兹海峡事务。
美国和以色列2月28日对伊朗发动军事打击后,霍尔木兹海峡通航受阻,国际油价飙升。美国总统特朗普多次批评北约盟国拒绝为美国攻打伊朗“助力”,甚至威胁要退出北约。(完)
图说:这是2025年2月19日拍摄的霍尔木兹海峡的资料照片。 新华社记者 汪强 摄
