Connect with us

China

ကွေ့ကျိုးပြည်နယ် တူးယွင်မြို့တွင် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျလုပ်ဆောင်လျက်ရှိ

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တူးယွင်မြို့တွင် ကေဒါနှင့်ပြည်သူများက လမ်းမပေါ်ရှိ ရွှံ့များအား သန့်ရှင်းရေးလုပ်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူးယွင် (ကွေ့ကျိုး)၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တူးယွင်မြို့တွင် မေ ၁၈ ရက် နံနက် ၆ နာရီမှ မေလ ၁၉ ရက် နံနက် ၆ နာရီအထိ အလွန်အမင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ဒေသခံမီးသတ်၊ လျှပ်စစ်ဓာတ်အား၊ အရေးပေါ်တုံ့ပြန်ရေး၊ ယာဉ်ထိန်း စီမံခန့်ခွဲရေး စသည့်ဌာနများစွာသည် လျင်မြန်စွာ စုစည်းခဲ့ကြပြီး ရေနုတ်မြောင်းနှင့် ရွှံ့နွံများ ဖယ်ရှားခြင်း၊ အန္တရာယ်ရှိသော အခြေအနေများကို စစ်ဆေးရှာဖွေခြင်း၊ ထောက်ပံ့ရေးပစ္စည်းလွှဲပြောင်းခြင်း စသည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် သဘာဝဘေးအန္တရာယ်သင့်ဒေသများသို့ အလျင်အမြန်သွားရောက်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တူးယွင်မြို့တွင် မီးသတ် ကယ်ဆယ်ရေးသမားများက ရေထွက်အားပြင်းသော ပိုက်များဖြင့် လမ်းများအား ဆေးကြောနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………..
(Chinese Version)
贵州都匀:救灾工作有序推进
新华社照片,都匀(贵州),2026年5月19日
5月18日6时至19日6时,都匀市遭遇特大暴雨。当地消防、电力、应急、交管等多部门火速集结,奔赴受灾区域开展排涝清淤、险情排查、物资转移等抢险工作。
图说1:5月19日,贵州省都匀市干部群众在清理道路淤泥。 新华社发(肖伟 摄)
图说2:5月19日,贵州省都匀市消防救援人员使用高压水枪冲洗道路淤泥。新华社发(肖伟 摄)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117