Connect with us

Media

ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် ကြွက်သားဒဏ်ရာရရှိ

မက်ဒရစ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်မှာ ကြွက်သားဒဏ်ရာ ရရှိထားကြောင်း ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပြီးနောက် နည်းပြ ဟန်ဆီဖလစ်ခ်အနေဖြင့် ယခုတစ်ပတ်တွင် ပြန်လည်စတင်မည့် လာလီဂါပွဲစဉ်နှင့် လာမည့်တစ်ပတ် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာအချို့နှင့် ရင်ဆိုင်ရလျက်ရှိသည်။
စက်တင်ဘာ ၄ ရက်က ပိုလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် နယ်သာလန်အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၌ ကွင်းလယ်ကစားသမား ဒီဂျောင်အား လူစားလဲခဲ့ရပြီး ဘာစီလိုနာအသင်းကလည်း ဒီဂျောင်မှာ ညာဘက်တင်ပဆုံ၌ အသေးစား ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ဒီဂျောင်အနေဖြင့် မည်မျှကြာအောင် အနားယူရမည်ကို ကြေညာချက်၌ ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းအနေဖြင့် စက်တင်ဘာ ၁၄ ရက်တွင် ဗလင်စီယာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် လာလီဂါ အိမ်ကွင်းပွဲစဉ်၌ အချိန်မီ ပြန်လည်သက်သာလာဖွယ် မရှိသလို စက်တင်ဘာ ၁၈ ရက်တွင် နယူးကာဆယ်အသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်၌လည်း ပါဝင်နိုင်ရန် မသေချာသေးပေ။
အသင်း၏ ကစားသမားတစ်ဦးဖြစ်သူ ဂါဗီမှာ နိုင်ငံတကာပွဲစဉ်များမတိုင်မီက လေ့ကျင့်ခန်းဆင်းနေစဉ် ဒူးဒဏ်ရာရရှိခဲ့သဖြင့် ပါဝင်ကစားနိုင်ခြင်း မရှိသေးသလို ဘယ်နောက်ခံလူ အလီဟန်ဒရို ဘာလ်ဒေမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် သုံးပတ်ခန့် အနားယူနေရချိန်တွင် ဒီဂျောင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ ဘာစီလိုနာအသင်း၏ ခံစစ်၌ ဘာလ်ဒေ၏နေရာတွင် ဂျရတ် မာတင် ဝင်ရောက်ကစားဖွယ်ရှိကာ လီဗန်တေးအသင်းအား အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ကွင်းလယ်တွင် ပွဲထွက်ကစားခဲ့သည့် မာ့ခ် ကာဆာဒိုက ဒီဂျောင်၏နေရာတွင် ဝင်ရောက်ကစားဖွယ်ရှိကြောင်း သိရသည်။ (Xinhua)
………………………………………………………………………………………….
(English Version)
Barcelona midfielder De Jong suffers muscle injury
MADRID, Sept. 9 (Xinhua) — FC Barcelona coach Hansi Flick faces a minor injury crisis ahead of his side’s return to La Liga and its UEFA Champions League debut next week, after the club confirmed that Frenkie de Jong has suffered a muscle injury.
The midfielder had to be substituted during the Netherlands’ World Cup qualifier against Poland last Thursday, and Barcelona confirmed that he has “suffered a slight injury to the external obturator muscle in his right leg.”
The announcement doesn’t say how long De Jong will be out of action, but he is unlikely to recover in time for Sunday’s La Liga match at home to Valencia and will be a doubt for the team’s opening Champions League game away to Newcastle United on September 18.
De Jong’s injury comes with Gavi also out of action after suffering a knee injury in training before the international break, while left-back Alejandro Balde is also sidelined for around three weeks with a hamstring injury.
Gerard Martin is expected to replace Balde in the Barca defense, while Marc Casado started in midfield in the 3-2 win away to Levante and looks to be the most likely replacement for De Jong. ■