Asia
အမေရိကန် “တောင်ကိုးရီးယားနိုင်ငံသားများ ဖမ်းဆီးမှု” ဖြစ်ရပ်က တောင်ကိုရီးယားကုမ္ပဏီလုပ်ငန်း အမေရိကန်၌ ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း တောင်ကိုရီးယားသမ္မတ ဆို

ဆိုးလ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က တောင်ကိုရီးယားနိုင်ငံသား ၃၀၀ ကျော်အား အမေရိကန်က လျှပ်တစ်ပြက်ဖမ်းဆီးမှုနှင့်စပ်လျဉ်း၍ ယင်းဖြစ်ရပ်သည် တောင်ကိုရီးယားကုမ္ပဏီများအား အမေရိကန်၌ ရင်းနှီးမြုပ်နှံသည့်အခါ “အလွန်ချီတုံချတုံ” ဖြစ်စေကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က စက်တင်ဘာ ၁၁ ရက် တာဝန်ထမ်းဆောင်ခြင်း ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကုမ္ပဏီလုပ်ငန်းများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ မနေနိုင်ကြောင်း၊ အမေရိကန်တွင် စက်ရုံတည်ထောင်ခြင်းသည် ထိုသို့ မကောင်းသောသက်ရောက်မှုများခံရနိုင်ခြင်းကြောင့် ပိုမိုခက်ခဲနိုင်သည်ကို စိုးရိမ်ကြမည်ဖြစ်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။
နောက်ဆက်တွဲလုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ လီဂျေမြောင်က “အမေရိကန်မှာ ရင်းနှီးမြုပ်နှံမှုနဲ့ဆက်စပ်တဲ့ ဗီဇာတွေကို ပုံမှန်ထုတ်ပေးဖို့ ဒါမှမဟုတ် အပိုခွင့်ပြုချက်ရရှိဖို့၊ နောက်ဆုံး ဗီဇာအမျိုးအစားအသစ်ကို ဖန်တီးဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယား-အမေရိကန် စည်းကြပ်ခွန် စေ့စပ်ညှိနှိုင်းရေးနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် “သေချာတာ တစ်ခုက ကျွန်တော့်အနေနဲ့ နောက်ကွယ်ကနေ ညှိနှိုင်းဆွေးနွေးတဲ့ ဘယ်လိုပုံစံမျိုးမဆို လုပ်ဆောင်မှာမဟုတ်သလို နိုင်ငံအကျိုးစီးပွားကို ဆုတ်ယုတ်စေမယ့် ဆုံးဖြတ်ချက်ကိုလည်း လုံးဝလုပ်မှာမဟုတ်ဘူး” ဟူ၍ အလေးအနက်ပြောကြားခဲ့သည်။
အမေရိကန် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများက ဂျော်ဂျီယာပြည်နယ်ရှိ တောင်ကိုရီးယား Hyundai-LG စွမ်းအင်သစ် ပူးပေါင်းဆောင်ရွက်မှုဘက်ထရီစက်ရုံနှင့် သက်ဆိုင်ရာကန်ထရိုက်တာများကို စက်တင်ဘာ ၄ ရက်တွင် လျှပ်တစ်ပြက်တရားဥပဒေစိုးမိုးရေး ပြုလုပ်ခဲ့ပြီး “တရားမဝင်နေထိုင်မှု” သံသယဖြင့် အလုပ်သမား ၄၇၅ ဦးကို ဖမ်းဆီးခဲ့ရာ ယင်းအနက် လူ ၃၀၀ ကျော်မှာ တောင်ကိုရီးယားနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
အမေရိကန်ဘက်က ဖမ်းဆီးခံထားရသော တောင်ကိုရီးယားနိုင်ငံသားများအား စက်တင်ဘာ ၁၁ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် နေရပ်ပြန်ပို့ရန် စီစဉ်ပေးမည်ဖြစ်ပြီး နောင်တွင် ၎င်းတို့ အမေရိကန်သို့ ပြန်လည်လာရောက်ပါက တရားမျှတမှုမရှိသော ဆက်ဆံခြင်း မခံရနိုင်စေရန် အာမခံပေးမည်ဟု ကတိပြုခဲ့ကြောင်း အမေရိကန်တွင် ညှိနှိုင်းဆောင်ရွက်ပေးနေသော တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Cho Hyun က ဒေသစံတော်ချိန် စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ Yeosu World Expo Park အတွင်း Hyundai ကားပြခန်းကို ၂၀၁၂ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………….
(Chinese Version)
韩国总统:美国“抓人”事件或影响韩企对美投资
新华社首尔9月11日电(记者陈怡 孙一然)韩国总统李在明11日在就职百日记者会上针对日前美国突击抓捕逾300名韩国公民一事表示,该事件会导致韩企在对美投资时“非常犹豫”。
李在明说,企业不可能不感到忧虑,担心在美国设厂可能因此受到不良影响或变得更加困难。
就后续对策,李在明表示:“我们正在进行谈判,要求正常发放与对美投资相关的签证,或者争取到额外配额,甚至创造新的签证类别。”
李在明谈及韩美关税谈判时强调:“可以肯定的是,我绝不会进行任何形式的幕后协商,绝不会做出有损国家利益的决定。”
美国执法人员4日在佐治亚州针对韩国现代汽车—LG新能源合作电池工厂及相关承包商开展突击执法,以涉嫌“非法居留”为由抓捕475名工人,其中逾300人为韩国公民。
在美国进行协调的韩国外交部长官赵显当地时间10日表示,美方承诺安排被抓捕的韩国公民11日搭乘包机回国,并保证他们今后再次访美时不会受到不公正待遇。(完)
图说1:6月23日,在美国首都华盛顿,一名男子在草地上跑步。新华社记者胡友松摄
图说2:这张摄于2012年5月10日的资料照片显示的是韩国丽水世博会园区内的韩国现代汽车馆。新华社记者 姚琪琳 摄