Videos
ကမ္ဘာ့အကြီးဆုံး အလိုအလျောက် ကွန်တိန်နာဆိပ်ကမ်းကြီး
ရှန်ဟိုင်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ရှန်ဟိုင်းရန်ရှန်း ရေနက်ဆိပ်ကမ်း ရှိ ကမ္ဘာ့အကြီးဆုံး အလိုအလျောက် ကွန်တိန်နာဆိပ်ကမ်းကြီးမှာ အကျယ်အဝန်းအားဖြင့် ၂.၂၃ သန်း ရှိပြီး လက်ရှိအချိန်တွင် ကွန်တိန်နာအလုံးပေါင်း ၄သန်းခန့်ကို စီမံခန့်ခွဲနိုင်သည်။ထို ဆိပ်ကမ်းတွင် အလိုအလျောက် စီမံခန့်ခွဲသည့်စနစ်ကိုပါတွဲဘက်အသုံးပြုထားပြီး ၎င်းစနစ်တွင်လိုအပ်သည့် စက်ကိရိယာများအားလုံးကို တရုတ်ပြည်တွင်ထုတ်လုပ်ခြင်းဖြစ်သည်။ ရှန်ဟိုင်းအလိုအလျောက်ကွန်တိန်နာဆိပ်ကမ်းကြီးသည် ကမ္ဘာပေါ်တွင် လည်ပတ်မှုအများဆုံးကွန်တိန်နာဆိပ်ကမ်းတစ်ခုဖြစ်လာမည့်အပြင် ကမ္ဘာတဝန်းပြေးဆွဲနေသည့် သင်္ဘောကြီးများဝင်ထွက်သွားလာရာနေရာတစ်ခုလည်း ဖြစ်လာတော့မည်ဖြစ်သည်။(Xinhua)