Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ကားတင်ပို့မှု သုံးလဆက်တိုက် တိုးတက်

တောင်ကိုရီးယားနိုင်ငံ ၂၀၁၉ ဆိုးလ်မော်တော်ယာဥ်ပြပွဲအတွင်း ပြသထားသည့်ယာဥ်တစ်စီးကို လာရောက်ကြည့်ရူသူများအား ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ၏မော်တော်ယာဥ်တင်ပို့မှုသည် ဥရောပမှခိုင်မာသည့်မှာယူမှုကြောင့် တတိယမြောက်လအဖြစ် ဆက်လက်တိုးတက်လာခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက် အစိုးရထုတ်ပြန်ချက်အရသိရသည်။
မော်တော်ကားတင်ပို့မှုသည် ဇွန်လနှင့်ဇူလိုင်လတို့တွင် ဂဏန်းတစ်လုံးသာ တိုးတက်လျက်ရှိရာမှ သြဂုတ်လတွင် ယမန်နှစ်ကာလတူထက် ၈.၆ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနအဆိုအရ သိရသည်။
အဆိုပါ ဆက်တိုက်တိုးတက်လာမှုသည် ဂေဟစနစ်နှင့် ကိုက်ညီသည့်ယာဥ်များ မှာယူမှုအားကောင်းခြင်းကြောင့်ဟု မှတ်ယူနိုင်သလို အမေရိကန်၏အခွန်သတ်မှတ်ခြင်းကြောင့် အမေရိကန်မှ မှာယူမှုအားနည်းနေခြင်းကို ဥရောပမှ အားကောင်းသည့်မှာယူမှုကြောင့်လည်းဖြစ်သည်။
အမေရိကန်သို့နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့မှုအနေဖြင့် ၁၅.၂ ရာခိုင်နှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာ ၂.၁၀ ဘီလီယံသာ ရှိခဲ့သော်လည်း ဥရောပသမဂ္ဂ (EU)သို့ မော်တော်ယာဉ်တင်ပို့မှုနှင့် ဥရောပအခြားနိုင်ငံများသို့ တင်ပို့မှုသည် နှစ်ဆတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၉၂ သန်းနှင့် ၅၄၇ သန်း အသီးသီးရှိခဲ့သည်။
ဂေဟစနစ်နှင့် ကိုက်ညီသော ဆီဒင်ကားများတင်ပို့မှုသည် သြဂုတ်လတွင် ယမန်နှစ်နှင့်နှိုင်းယှဥ်လျှင် ၂၉.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၁၇ ဘီလီယံဖိုး ရှိခဲ့သည်။
သြဂုတ်လတွင် စုစုပေါင်း မော်တော်ယာဥ် ၂၀၀,၃၁၇ စီးတင်ပို့ခဲ့ရပြီး ယမန်နှစ် အလားတူကာလထက် ၅.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာတွင် ယာဥ်အပိုပစ္စည်းတင်ပို့မှုမှာမူ ၈.၈ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၁.၆၇ ဘီလီယံဖိုးသာ ရှိခဲ့သည်။
ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သည့် မော်တော်ယာဥ်အရေအတွက် နှစ်အလိုက် ၇.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သြဂုတ်လတွင် စုစုပေါင်း ၃၂၁,၀၀၈ စီးရှိခဲ့သည်။
သြဂုတ်လ၌ ဒေသထုတ်နှင့် တင်သွင်းသည့်ယာဥ်အပါအဝင် နိုင်ငံအတွင်းရောင်းချသည့်မော်တော်ယာဥ်အစီးရေ ၁၃၈,၈၀၉ စီး ရှိပြီး ယမန်နှစ်ကထက် ၈.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
S. Korea’s auto export grows for 3rd month in August
SEOUL, Sept. 16 (Xinhua) — South Korea’s automotive export grew for the third straight month due to solid demand from Europe, government data showed Tuesday.
Car shipment expanded 8.6 percent from a year earlier to 5.50 billion U.S. dollars in August after going up in single digits in June and July, according to the Ministry of Trade, Industry and Energy.
The consecutive growth was attributable to higher demand for eco-friendly vehicles as well as robust demand from Europe that offset lower U.S. demand, caused by the U.S. tariffs imposition.
Auto export to the United States dropped 15.2 percent to 2.10 billion dollars, but those to the European Union (EU) and other countries in Europe spiked in double figures to 792 million dollars and 547 million dollars each.
Shipment of eco-friendly sedans soared 29.3 percent to 2.17 billion dollars in August compared to the same month of last year.
The number of exported vehicles stood at 200,317 in August, up 5.5 percent from a year earlier. Auto parts shipment decreased 8.8 percent to 1.67 billion dollars.
The number of vehicles, manufactured in local factories, climbed 7.1 percent to 321,008 in August on a yearly basis.
The number of cars sold inside the country, including locally-made and imported vehicles, was 138,809 in August, up 8.3 percent from a year earlier.
Photo : Visitors view a car during the 2019 edition of Seoul Motor Show in Goyang, South Korea, April 2, 2019. (Xinhua/Wang Jingqiang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.