Asia
ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အကြမ်းဖက်သမား ၁၅ ဦး အား သေဒဏ်ချမှတ် အတည်ပြု
အစ္စလာမ်မာဘတ် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၁၆ ရက် ၌ စစ်ဘက်ဆိုင်ရာ တရားရုံး တွင် အကြမ်းဖက်သမား ၁၅ ဦး အား သေဒဏ်ချမှတ် ခဲ့ပြီး ယင်း အကြမ်းဖက်သမား များက ရဲတပ်ဖွဲ့ ၊ အရပ်သား ၊ အစိုးရ အဖွဲ့ဝင် နှင့် ကျောင်း များအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ တွင် ပါဝင် ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။
ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေးဌာန မှ ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် သေဒဏ် ချမှတ် ခံရသည့် အကြမ်းဖက်သမား ၁၅ ဦး ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၅ ဦး သေဆုံးခဲ့ရပြီး ၁၀၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ စစ်ဘက်ဆိုင်ရာ အထူး တရားရုံး ၌ ၎င်းတို့အား အမှု စစ်ဆေးရာ တွင် ၎င်းတို့ က ပြစ်မှု ကျူးလွန်ခဲ့သည် ကို ဝန်ခံခဲ့ကြကြောင်း ပါဝင် ခဲ့သည်။
ယခု အကြိမ် အမိန့်ချမှတ်ခြင်းသည် ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ တစ်လကျော် အချိန်ကာလ အတွင်း ဒုတိယ အကြိမ်မြောက် အကြမ်းဖက်သမား များအား သေဒဏ် ချမှတ်ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ ၌လည်း အကြမ်းဖက် သမား ၁၂ ဦး အား သေဒဏ်ချမှတ် ခဲ့ကြောင်း သိရှိရသည်။
ပါကစ္စတန် နိုင်ငံ ဥပဒေ သတ်မှတ်ချက် အရ ယခု သေဒဏ် ချမှတ်ခံရသူများ အနေဖြင့် သမ္မတ ထံသို့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထား နိုင်သော်လည်း ပါကစ္စတန် နိုင်ငံ သမ္မတ အနေဖြင့် အကြမ်းဖက်မှု နှင့် ပတ်သက်သည့် ပြစ်မှု အားလုံး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)