Asia
ဗီယက်နမ်နိုင်ငံတွင် အမျိုးသားပညာတော်သင်ဆုရန်ပုံငွေထူထောင်မည်ဟု ဝန်ကြီးချုပ်ဆို

ဟနွိုင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဗီယက်နမ်အစိုးရသည် အမျိုးသားပညာတော်သင်ဆု ရန်ပုံငွေတစ်ရပ် ထူထောင်မည်ဖြစ်ပြီး ပညာရေးအတွက် သုံးစွဲခြင်းဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၌ မဟာဗျူဟာမြောက် ထိုးဖောက်စွမ်းဆောင်နိုင်ရန် ဘတ်ဂျက်တိုးမြှင့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဖမ်မင်းချင်းက စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
ပါတီဝင် ၁.၂ သန်းကျော် တက်ရောက်သည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို ဆုံးဖြတ်ချက်လေးခုအတွက် ဝါဒ ဖြန့်ဝေခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အမျိုးသားကွန်ဖရင့်တွင် ဝန်ကြီးချုပ်က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာ VnExpress က သတင်းဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်က ပညာသင်ဆုများ ပေးအပ်ရန် အဆိုပါရန်ပုံငွေအတွက် အစိုးရငွေစာရင်းနှင့် အခြားသော တရားဝင်အရင်းအမြစ်များမှ ငွေကြေးမတည်ထောက်ပံ့ပေးမည်ဖြစ်ပြီး ပညာသင်ကြားမှု တိုးတက်စေရန်နှင့် နိုင်ငံရပ်ခြားတွင်ပညာသင်ယူနိုင်ရေးတို့အတွက် ထောက်ပံ့မည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ထူးချွန်သူများကိုဆွဲဆောင်ကာ ပြုစုပျိုးထောင်ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး သိပ္ပံဘာသာရပ်၊ အင်ဂျင်နီယာအတတ်ပညာနှင့် နည်းပညာ ဘာသာရပ်များ အခြေခံကာ ပါရဂူဘွဲ့အစီအစဥ်များအတွက် ဦးစားပေး ပေးအပ်သွားမည်ဖြစ်ကြောင်းဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……….
(English Version)
Vietnam to launch national scholarship fund: PM
HANOI, Sept. 16 (Xinhua) — The Vietnamese government will set up a national scholarship fund and increase budget spending on education to achieve a strategic breakthrough in human resource training, Prime Minister Pham Minh Chinh said Tuesday.
He made the remarks at a national conference on the dissemination and implementation of four resolutions from the Politburo of the Communist Party of Vietnam, attended by more than 1.2 million party members, local media VnExpress reported.
The prime minister said the fund would be financed by the state budget and other lawful sources to provide scholarships, promote learning and sponsor overseas studies.
It will also seek to attract and nurture talents, with priority given to doctoral programs in basic sciences, engineering and technology, he said.
Photo : Examinees participate in the exam at an exam site in Hanoi, Vietnam, June 28, 2023. (VNA/Handout via Xinhua)