Connect with us

China

တရုတ်နိုင်ငံ ရှင်းကျန်းဒေသက လုပ်ငန်းတာဝန်များအားလုံး၌ သမိုင်းတွင် အောင်မြင်မှုများဖြင့် စံချိန်တင်

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က ထုတ်ပြန်လိုက်သော “ခေတ်သစ်ကာလ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲရေးလမ်းညွှန်ချက်များ - လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်း မိတ္တူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသသည် လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကာလအတွင်း လုပ်ငန်းတာဝန်များအားလုံးကို သမိုင်းတွင် အောင်မြင်မှုများ စွမ်းဆောင်နိုင်ခဲ့ကြောင်း အဆင့်မြင့် ဒေသဆိုင်ရာ တာဝန်ရှိသူက စက်တင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ယင်းဒေသသည် ရှင်းကျန်းဒေသ သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်မှုကာလတွင် ရှိနေကာ တိုင်းရင်းသားလူမျိုးစုအားလုံးမှ ပြည်သူများအတွက် ယနေ့အထိ အနက်ရှိုင်းဆုံး ပြောင်းလဲမှုများကြုံတွေ့ခဲ့ရသလို အကြီးမားဆုံး အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ရှင်းကျန်းဒေသအစိုးရ ဥက္ကဋ္ဌ Erkin Tuniyaz က ပြောကြားခဲ့သည်။
ပေကျင်းမြို့တွင် ပြုလုပ်သော ရှင်းကျန်းဒေသ စီမံခန့်ခွဲမှုဆိုင်ရာ စက္ကူဖြူစာတမ်းထုတ်ပြန်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ အထက်ပါတာဝန်ရှိသူက ထိုသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်သည် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခါသမယလည်း ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ တည်ရှိသော ယင်းဒေသတွင် ဒါဇင်နှင့်ချီရှိသော တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ ပြည်သူ ၂၆ သန်းကျော် မှီတင်းနေထိုင်လျက်ရှိသည်။
ရှင်းကျန်းဒေသရှိ စီးပွားရေးအညွှန်းကိန်းမြောက်မြားစွာကလည်း နိုင်ငံတစ်ဝန်း တိုးတက်မှု အလျင်မြန်ဆုံးစာရင်းတွင် ပါဝင်လျက်ရှိကြောင်း ရှင်းကျန်းဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ချန်ဝေကျွင့်က ပြောကြားခဲ့သည်။
ရှင်းကျန်းဒေသသည် ၂၀၂၄ ခုနှစ်အတွင်း မရွှေ့မပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်မှု ၆.၉ ရာခိုင်နှုန်း၊ သတ်မှတ်ထားသောအရွယ်အစားအထက် စီးပွားရေးလုပ်ငန်းများမှ တန်ဖိုးမြှင့် စက်မှုထုတ်ကုန်ကဏ္ဍ တိုးတက်မှု ၈ ရာခိုင်နှုန်း၊ အများပြည်သူ အထွေထွေဘတ်ဂျက် ဝင်ငွေမြင့်တက်မှုကဏ္ဍ တိုးတက်မှု ၁၀.၅ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း ချန်က ဆိုသည်။
ထို့ပြင် ခြုံငုံကြည့်ပါကလည်း ရှင်းကျန်းဒေသ၏ ဂျီဒီပီကလည်း ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ် ပျမ်းမျှ ၇.၀၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင်မူ ယင်းဒေသ၏ ဂျီဒီပီမှာ ၆.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ပထမဆုံးအကြိမ်အဖြစ် ယွမ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၈၁.၄ ဘီလီယံခန့်) ရှိခဲ့ကြောင်း တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။ တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၄ ခုနှစ်၌ နှစ်စဉ် ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
ရှင်းကျန်းဒေသ၏ ခိုင်မာသော စီးပွားရေးတိုးတက်မှုက ပြည်သူများ၏ ချမ်းသာသုခ တိုးတက်မှုအတွက် ဘဏ္ဍာရေးဆိုင်ရာ အခိုင်အမာ ပံ့ပိုးကူညီချက်ရှိကြောင်းလည်း Erkin Tuniyaz က ဆိုသည်။
“အရင်တုန်းက ဟဲထျန်မှာဆိုရင် လမ်းတွေက မြည်းလှည်းတွေနဲ့ ပြည့်ကျပ်ညပ်နေတာပါ” ဟု တရုတ်နိုင်ငံ တောင်ပိုင်း ရှင်းကျန်းဒေသ ဟဲထျန်ဒေသခွဲတွင် အလုပ်သွားရောက်လုပ်ကိုင်ဖူးသူ Erkin Tuniyaz က ပြောကြားခဲ့သည်။
“ဒီကနေ့ခေတ်မှာတော့ မြည်းလှည်းတွေက ပြတိုက်ထဲရောက်ကုန်ကြပါပြီ။ အိမ်ထောင်စုတိုင်းကလည်း လျှပ်စစ်စက်ဘီး တွေ (e-bikes) ၊ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေနဲ့သွားလာနေကြပါပြီ။ တချို့မိသားစုတွေဆိုရင် ကားတွေအများကြီးပိုင်ဆိုင်ကြတာတောင် ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အိမ်ထောင်မိသားစုများမှာလည်း ၂၀၁၂ ခုနှစ်ကထက် အဝတ်လျှော်စက်များ၊ ရေခဲသေတ္တာများနှင့် ကွန်ပျူတာများ ပိုမိုပိုင်ဆိုင်ထားကြပြီဖြစ်ကြောင်း စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။
တစ်ချိန်တစ်ခါက ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးဆုံး ဒေသများအနက် အပါအဝင် ဖြစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် စတင်ဖော်ဆောင်သည့် တရုတ်နိုင်ငံတစ်ဝန်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကမ်ပိန်းများကြောင့် ယင်းဒေသအတွင်းရှိ ကျေးလက်ပြည်သူ ၃.၀၆ သန်း အားလုံးမှာ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာခဲ့ကြောင်း Erkin Tuniyaz က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က ထုတ်ပြန်လိုက်သော “ခေတ်သစ်ကာလ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲရေးလမ်းညွှန်ချက်များ – လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်း မိတ္တူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ခေတ်သစ်ကာလ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲရေး လမ်းညွှန်ချက်များ – လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်းဆိုင်ရာ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေသော ရှင်းကျန်းဒေသအစိုးရ ဥက္ကဋ္ဌ Erkin Tuniyaz ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ခေတ်သစ်ကာလ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲရေးအတွက် လမ်းညွှန်ချက်များ – လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

“ခေတ်သစ်ကာလ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲရေးအတွက် လမ်းညွှန်ချက်များ – လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

“ခေတ်သစ်ကာလ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲရေးအတွက် လမ်းညွှန်ချက်များ – လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

“ခေတ်သစ်ကာလ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲရေးအတွက် လမ်းညွှန်ချက်များ – လက်တွေ့ကျင့်သုံးမှုနှင့် အောင်မြင်မှုများ” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Xinjiang records historic achievements in all undertakings
BEIJING, Sept. 19 (Xinhua) — Xinjiang has made historic achievements in all undertakings over the past 70 years, a senior regional official said on Friday.
The region is experiencing its best period of development in its history, marked by the most profound changes and greatest benefits to date for people of all ethnic groups, said Erkin Tuniyaz, chairman of the regional government.
The official made the remarks at a press conference in Beijing, where a white paper on the governance of Xinjiang was released.
This year marks the 70th anniversary of the establishment of the Xinjiang Uygur Autonomous Region. Located in northwest China, the region is home to more than 26 million people from dozens of ethnic groups.
Multiple economic indicators in Xinjiang are among the fastest-rising nationwide, said Chen Weijun, vice chairman of the regional government.
In 2024, the region recorded a 6.9 percent increase in fixed-asset investment, 8 percent growth in value-added industrial output from enterprises above designated size, and a 10.5 percent rise in general public budget revenue, Chen said.
Overall, the region’s GDP has grown at an average annual rate of 7.04 percent since 2012. In 2024, it expanded by 6.1 percent, surpassing 2 trillion yuan (about 281.4 billion U.S. dollars) for the first time, according to officials. China’s GDP grew 5 percent year on year in 2024.
The region’s robust economic growth has provided strong fiscal support for the improvement of the people’s well-being, Erkin Tuniyaz said.
“In the past, the streets were jammed with donkey carts in Hotan,” said Erkin Tuniyaz, who used to work in Hotan Prefecture in southern Xinjiang.
“Today, donkey carts belong to museums. Families get around on e-bikes, motorcycles or cars — and some families even have several cars,” he said.
Households also own more washing machines, refrigerators and computers than they did in 2012, according to the white paper.
Xinjiang was once among the most impoverished regions in China. Thanks to a nationwide poverty-reduction campaign launched in 2012, all 3.06 million rural residents living in poverty in the region had been lifted out of poverty by the end of 2020, Erkin Tuniyaz said.
Photo 1, 2: This photo taken on Sept. 19, 2025 shows copies of the white paper titled “CPC Guidelines for Governing Xinjiang in the New Era: Practice and Achievements” released by the State Council Information Office (SCIO). (Xinhua/Li Xin)
Photo 3: Erkin Tuniyaz, chairman of the regional government of Xinjiang, speaks at a press conference held by the State Council Information Office (SCIO) on the white paper titled “CPC Guidelines for Governing Xinjiang in the New Era: Practice and Achievements” in Beijing, capital of China, Sept. 19, 2025. (Xinhua/Li Xin)
Photo 4 – 7: Photo The State Council Information Office (SCIO) holds a press conference to release the white paper titled “CPC Guidelines for Governing Xinjiang in the New Era: Practice and Achievements” in Beijing, capital of China, Sept. 19, 2025. (Xinhua/Li Xin)