Connect with us

Politics, Law & Military

နိုင်ငံအနှံ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရန် ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့(EU EOM) မှ စေလွှတ်နေရာ ချထား

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- www.eueom.eu)

ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လေ့လာ စောင့်ကြည့်ရန် ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့(EU EOM) မှ ကာလတို လေ့လာသူ ၆၂ ဦးကို မြန်မာနိုင်ငံ အနှံ့သို့စေလွှတ် နေရာချထားလိုက်ပြီး ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာ ၈ ရက်တွင် ဥရောပ သမဂ္ဂမှ လေ့လာသူပေါင်း ၁၅၀ ကျော်ဖြင့် လေ့လာသွားမည်ဟု သိရသည်။

ထိုကာလတို ရွေးကောက်ပွဲ လေ့လာသူများသည် ဥရောပ ပါလီမန်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဥရောပ သမဂ္ဂ သံတမန်များနှင့် အတူ ရွေးကောက်ပွဲကို လေ့လာသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ နေ့တွင် နော်ဝေ၊ ဆွစ်ဇာလန်နှင့် ကနေဒါနိုင်ငံတို့အပြင် အဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လေ့လာသူပေါင်း ၁၅၀ ဦးကို ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့(EU EOM) မှ စေလွှတ် နေရာချသွားမည်ဟု EU EOM ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့မှ ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင် ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်ပြီး ကနဦး တွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်သွားရန် ရှိပြီး လအနည်းငယ် အကြာတွင် အနာဂတ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ အတွက် အကြံပေး တင်ပြချက်များ ပါဝင်သည့် အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်သွားရန် ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117