International Organizations
အင်တာနာစီယွန်နယ်အသင်းက နည်းပြရော်ဂျာမာချာဒိုကို ထုတ်ပယ်

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဘရာဇီးစီးရီးအေပွဲစဥ်တွင် ဒေသတွင်းပြိုင်ဘက် ဂရီမီယိုအသင်းကို အိမ်ကွင်းတွင် ၃-၂ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် အင်တာနာစီယွန်နယ်အသင်းသည် နည်းပြရော်ဂျာမာချာဒိုကို စက်တင်ဘာ ၂၁ ရက်က ထုတ်ပယ်လိုက် ကြောင်း သိရသည်။
ယခုရလဒ်သည် Porto Alegre မြို့အခြေစိုက်အသင်းအတွက် ပြိုင်ပွဲအားလုံးပေါင်း ခုနစ်ပွဲတွင် ခြောက်ကြိမ်မြောက် အရှုံးရလဒ် ထွက်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရော်ဂျာမာချာဒိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုတာ သတင်းပေးလိုပါတယ်” ဟု ကလပ်အသင်းဥက္ကဋ္ဌ Alessandro Barcellos က ပွဲကစားပြီးချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါက အမြဲခက်ခဲပါတယ်၊ ကလပ်နဲ့အလုပ်လုပ်တဲ့လူတိုင်းက သိပါတယ်၊ နည်းပြပြောင်းတယ်ဆိုတာ အကောင်းမြင်မှုတစ်ခုဖြစ်ဖို့ဆိုတာ ရှားရှားပါးပါးပါ” ဟု ၎င်းက ထပ်ပြောခဲ့သည်။
အသင်းအတွက် အမြဲတမ်းနည်းပြအစားထိုးရန် ရှာဖွေနေချိန်တွင် လက်ထောက်နည်းပြ ပက်ဘလိုဖာနန်ဒက်ဇ်က ယာယီတာဝန်ယူသွားမည်ဖြစ်သည်။
လွန်ခဲ့သည့်နှစ် ဇူလိုင်လ မာချာဒို နည်းပြရာထူးစတင်တာဝန်ယူချိန်ကစ၍ အင်တာနာစီယွန်နယ်အသင်းသည် ၃၄ ပွဲ အနိုင်ရရှိပြီး ပွဲ ၂၀ သရေဖြစ်ကာ ၁၉ ပွဲ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ၏ အအောင်မြင်ဆုံးကလပ်အသင်းတစ်ခုဖြစ်သည့် အင်တာနာစီယွန်နယ်အသင်းသည် ဘရာဇီးစီးရီးအေ ဆုဖလား သုံးကြိမ်ရရှိထားပြီး ကိုပါ Libertadores ဘောလုံးပြိုင်ပွဲတွင် နှစ်ကြိမ်အနိုင်ရရှိခဲ့သည်။ (Xinhua)
…………………….
(English Version)
Internacional sacks manager Roger Machado
RIO DE JANEIRO, Sept. 21 (Xinhua) — Internacional manager Roger Machado was sacked on Sunday after a 3-2 home defeat to local rivals Gremio in Brazil’s Serie A.
The result marked the Porto Alegre outfit’s sixth loss in its last seven games across all competitions.
“We’d like to inform you that we’ve made the decision to dismiss Roger Machado,” club president Alessandro Barcellos told reporters after the match.
“It’s always a difficult time; everyone who works at the club knows that changing a coach is rarely seen as a positive thing,” he added.
Assistant coach Pablo Fernandez will fill the role on an interim basis while the club seeks a permanent replacement.
Machado led Internacional to 34 wins, 20 draws and 19 losses following his appointment in July last year.
Internacional is one of Brazil’s most successful clubs, having won three Brazilian Serie A titles and two Copa Libertadores crowns.