China
ဟောင်ကောင်တွင် အမျိုးသားနေ့အားလပ်ရက်များအတွင်း တရုတ်ပြည်မကြီးမှ လာရောက်လည်ပတ်သူဦးရေ ၁.၅၄ သန်း လက်ခံရဖွယ်ရှိ

ဟောင်ကောင်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်း (John Lee) က တရုတ်နိုင်ငံ၏ အမျိုးသားနေ့အလုပ်ပိတ်ရက်များအတွင်း တရုတ်ပြည်မကြီးမှလာရောက်လည်ပတ်သူဦးရေ ၁.၅၄ သန်း ဝင်ရောက်မည်ဟုမျှော်မှန်းထားကြောင်း ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဥ်လျှင် ၁၁ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။
အမှုဆောင်ကောင်စီအစည်းအဝေးတစ်ခုမတိုင်မီ ပြောကြားရာတွင် လီကျားချောင်းက ယခုနှစ် အမျိုးသားနေ့ အားလပ်ရက်များအတွင်း တရုတ်ပြည်မကြီးမှလာရောက်လည်ပတ်သူအရေအတွက်သည် တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်များနှင့် အလုပ်သမားနေ့အားလပ်ရက်များအတွင်း လည်ပတ်သူဦးရေထက် စံချိန်တင်ကျော်လွန်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။
လည်ပတ်သူအားလုံးကို ပျော်ရွင်မှုပေးနိုင်ရန် ထောက်ပံ့ကူညီဖို့ ရည်ရွယ်လျက် ပွဲလမ်းသဘင်များကို အစီအစဥ်တကျနှင့် ဘေးကင်းစေရေး စီမံဆောင်ရွက်ထားပြီး ပြင်ဆင်ဆောင်ရွက်မှုများသေချာစေရန် ဌာနအသီးသီးကို ညွှန်ကြားထားပြီးဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
ပြင်ဆင်ရေးလုပ်ငန်းများ ကိုင်တွယ်ညှိနှိုင်းဆောင်ရွက်ရန် HKSAR အစိုးရ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ပွဲတော်စီမံခန့်ခွဲမှုများနှင့်ပတ်သက်ပြီး ဌာနအချင်းချင်း လုပ်ငန်းအဖွဲ့အစည်းအဝေးတစ်ခုကို အစောပိုင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဓိကဆောင်ရွက်မှုများအနေဖြင့် လုံခြုံရေးဂိတ်နေရာများတွင် လူအင်အားတိုးမြှင့်ရေး၊ သယ်ယူပို့ဆောင်ရေး ထောက်ပံ့မှုများတိုးမြှင့်ရေး၊ လူစုလူဝေးစီမံခန့်ခွဲမှုအားကောင်းစေရေး၊ လည်ပတ်သူများကာကွယ်မှု တိုးတက်စေရေးနှင့်သတင်းဖြန့်ဝေမှုနှင့်နည်းပညာအပလီကေးရှင်းများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရေးများ ပါဝင်ကြောင်း လီက ပြောကြားခဲ့သည်။
HKSAR အစိုးရလုံခြုံရေးဌာနသည် လုံခြုံရေးဂိတ်နေရာများ၏ ဖြတ်ကျော်မှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိရန် တစ်နေရာတည်းတွင် သတင်းအချက်အလက်အစုံရရှိနိုင်သည့် ပလက်ဖောင်းတစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။ တစ်ချိန်တည်းတွင် ဟောင်ကောင်ခရီးသွားလုပ်ငန်းအဖွဲ့က အမျိုးသားနေ့အားလပ်ရက်များအတွင်း အဓိကသွားရောက်ရာနေရာများအတွက် လုပ်ငန်းလည်ပတ်မှုအခြေအနေများနှင့်ပွဲလမ်းသဘင်များကို ရည်ညွှန်းဖော်ပြထားသည့် ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုကို မိတ်ဆက်ခဲ့ကြောင်းသိရသည်။ (Xinhua)
……….
(English Version)
Hong Kong to receive 1.54 mln Chinese mainland visitors during National Day holiday
HONG KONG, Sept. 30 (Xinhua) — John Lee, chief executive of China’s Hong Kong Special Administrative Region (HKSAR), said on Tuesday that Hong Kong is expected to receive 1.54 million Chinese mainland visitors during China’s National Day holiday, marking an approximately 11 percent increase compared to the same period last year.
Speaking ahead of an Executive Council meeting, Lee said that the number of Chinese mainland visitors during this year’s National Day holiday is expected to surpass those recorded during the Chinese New Year and Labor Day holidays.
Lee said that he has instructed different departments to make thorough preparations to ensure events are conducted safely and orderly, aiming to provide all visitors with a pleasant experience.
An interdepartmental working group meeting on festival arrangements, chaired by the chief secretary for administration of the HKSAR government, had been held earlier to coordinate and steer the preparatory work.
Key measures include increasing manpower at control points, enhancing transportation support, strengthening crowd management, improving visitor protection, and expanding information dissemination and technology applications, Lee said.
The Security Bureau of the HKSAR government has launched a one-stop information platform providing real-time boarder crossing status at control points. Meanwhile, the Hong Kong Tourism Board has introduced a dedicated web page outlining operational arrangements for major attractions and showcasing festive events during the National Day holiday.
Photo : Tourists visit the Avenue of Stars in Hong Kong, south China, Oct. 3, 2024. (Xinhua/Chen Duo)