China
WTT China Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် နိုင်ခြေအမြင့်ဆုံး ကစားသမားများဖြစ်သည့် ဝမ်နှင့် စွန်းတို့ တစ်ဦးချင်းပြိုင်ပွဲများတွင် ကွာတားဖိုင်နယ် တက်ရောက်

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTT China Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်ထိပ်တန်း စားပွဲတင်တင်းနစ် ကစားသမားများဖြစ်သည့် ဝမ်ချူချင်းနှင့် စွန်းရင်ဆားတို့က အမျိုးသားနှင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတို့တွင် ရလဒ်ပြတ်သားစွာဖြင့် အသီးသီးအနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သလို ဝမ်နှင့် စွန်းတို့အတွဲမှာ ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲသို့လည်း တက်ရောက်သွားပြီဖြစ်ပြီး တစ်နိုင်ငံတည်းမှ ကစားသမားများဖြစ်သည့် ဟွမ်ရိုကျိန့်နှင့် ချန်ရိတို့အတွဲနှင့် ယှဉ်ပြိုင်ဗိုလ်လုရမည်ဖြစ်သည်။
စက်တင်ဘာ ၁ ရက်က ပိုလန်ကစားသမား မီလော့စ် ရက်ဇင်စကီးအား ပွတ်ကာသီကာ အနိုင်ရကာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၏ ၁၆ ဦးအဆင့်သို့ တက်လှမ်းလာသည့် ကမ္ဘာ့ချန်ပီယံ ဝမ်မှာ ယခုပွဲစဉ်၌ ပိုမိုကောင်းမွန်သော လက်စွမ်းကို ပြသခဲ့ပြီး တောင်ကိုရီးယားမှ အန်ဂျယ်ဟွန်းကို ၁၁-၉၊ ၁၁-၄၊ ၁၁-၇ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ကမ္ဘာ့အဆင့်-၁ စားပွဲတင်တင်းနစ်မယ် စွန်းမှာမူ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်၌ တစ်နိုင်ငံတည်းသူ ဝမ်ရှောင်ထုန်အား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရခြင်းမရှိဘဲ ၁၁-၇၊ ၁၁-၅၊ ၁၁-၅ ဖြင့် အနိုင်ရရှိခဲ့သည်။
ကျား၊မ နှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဝမ်နှင့် စွန်းတို့အတွဲက ဘရာဇီးမှ ဟူဂို ကယ်လ်ဒရာနိုနှင့် ဘရူနာ တာကာဟရှိတို့အတွဲကို ၁၁-၃၊ ၁၁-၃၊ ၁၁-၇ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ ဗိုလ်လုပွဲတွင် တရုတ်ကစားသမားများဖြစ်သည့် ဟွမ်နှင့် ချန်တို့အတွဲနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဟွမ်နှင့် ချန်တို့မှာလည်း တရုတ်ကစားသမားများဖြစ်သည့် ယွမ်လိချန် နှင့် ဝမ်ရိသီတို့အတွဲကို အနိုင်ယူကျော်ဖြတ်လာခဲ့ခြင်းဖြစ်သည်။
“ကယ်လ်ဒရာနိုနဲ့ တာကာဟရှိတို့အတွဲက သိပ်တော်တဲ့ ကစားသမားတွေမို့လို့ ၃ ပွဲပြတ် အနိုင်ရလိမ့်မယ်လို့ ပွဲမစခင်က မျှော်လင့်မထားခဲ့ပါဘူး။ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဟန်ချက်တစ်ခုကို ရရှိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိမိနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပြီးတော့ နိုင်ပွဲရယူခဲ့တာပါ” ဟု ဝမ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“ဒီနှစ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအပြီးမှာ ကျွန်တော်တို့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အကောင်းဆုံးလုပ်ပြဖို့လည်း သန္နိဋ္ဌာန်ချထားတာပါ” ဟု စွန်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တတိယအဆင့် အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် ဂျပန်ကစားသမားများ အရှိန်အဟုန်ကောင်းကောင်းဖြင့် နိုင်ပွဲရယူနိုင်ခဲ့ပြီး ယုကိယ အုဒါက ဆွီဒင်မှ ထရူးစ် မိုရီဂါ့ဒ် (ဆီဒင်-၅) ကို ၃-၁ ပွဲဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သလို အသက် ၁၈ နှစ်အရွယ် ဆိုရာ မာဆုရှိမကလည်း တရုတ်စားပွဲတင်တင်းနစ်ကစားသမား လျန်ကျင့်ခွန်း (ဆီဒင်-၆) အား ၃-၂ ပွဲဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
တရုတ်ကစားသမားများဖြစ်သည့် လျင်ရှီးတုန်း၊ ရှန့်ဖုန်၊ ချန်ရှင့်ထုန်၊ ဝမ်ရိသီနှင့် ဝမ်မန့်ယွိတို့မှာ တစ်ဦးချင်းပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သော်လည်း အခြား တရုတ်ကစားသမားများဖြစ်သည့် ကျိုးချီဟောင် ၊ ခွိုင်မန့်၊ ချန်ရိနှင့် စီရွှင့်ရောင် တို့မှာမူ အောက်တိုဘာ ၂ ရက် တတိယအဆင့် တစ်ဦးချင်းပွဲစဉ်များမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
တရုတ်စားပွဲတင်တင်းနစ်ကစားသမား အတွဲသုံးတွဲစီမှာ အမျိုးသားနှစ်ယောက်တွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ဆီမီးဖိုင်နယ်အဆင့်သို့ အသီးသီး တက်ရောက်နိုင်ခဲ့ကာ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဝမ်ချူချင်းနှင့် လျင်ရှီးတုန်း၊ ဟွမ်ရိုကျိန့်နှင့် ဝန်းရွှေ့ပေါ ၊ ကျိုးချီဟောင်နှင့် ချန်ကျွင့်ဆုန်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ချန်ရှင့်ထုန်နှင့် ချန်ထျန်းရီး၊ ရွှီရိနှင့် ဝမ်ရှောင်ထုန်၊ ခွိုင်မန့် နှင့် ဝမ်မန့်ယွိတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် WTT China Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်၌ တရုတ်နိုင်ငံမှ စွန်းရင်ဆားက စပေးဘောအား တုံ့ပြန်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် WTT China Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ဘရာဇီးနိုင်ငံမှ ဟူဂို ကယ်လ်ဒရာနို/ဘရူနာ တာကာဟရှိတို့အတွဲနှင့် တရုတ်နိုင်ငံမှ ဝမ်ချူချင်း/စွန်းရင်ဆားတို့အတွဲ ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)
………………….
(English Version)
WTT China Smash: Top seeds Wang, Sun power into singles quarters
BEIJING, Oct. 2 (Xinhua) — Top-ranked Chinese paddlers Wang Chuqin and Sun Yingsha sailed into the men’s and the women’s singles quarterfinals with straight-game victories respectively at the World Table Tennis (WTT) China Smash on Thursday, while Wang/Sun also reached the mixed doubles final to meet their compatriots Huang Youzheng/Chen Yi.
After narrowly edging out Poland’s Milosz Redzimski to advance into the men’s singles last 16 on Wednesday, world champion Wang showed a better form to beat South Korea’s An Jae-hyun 11-9, 11-4, 11-7 for a quarterfinal berth.
Sun was not really challenged by her teammate Wang Xiaotong in the women’s singles third round, as the world No.1 took the win 11-7, 11-5, 11-5.
In the mixed doubles semifinals, Wang/Sun won over the Brazilian pair Hugo Calderano and Bruna Takahashi 11-3, 11-3, 11-7. Wang/Sun will embrace an all-Chinese mixed doubles final with Huang/Chen, who just saw off another Chinese pair Yuan Licen/Wang Yidi.
“Calderano and Takahashi are excellent players, and we didn’t expect a 3-0 win before the match. We found a good rhythm and communicated with each other very well to seal the victory,” Wang said after the match.
Sun added, “After the World Championships this year, we tried to keep in good form. We have the determination to perform our best.”
Japanese players prevailed with great momentum in the men’s singles third round, as Yukiya Uda shocked the fifth-seeded Truls Moregard of Sweden 3-1, and the 18-year-old Sora Matsushima upset the sixth-seeded Chinese paddler Liang Jingkun 3-2 to cruise into the quarterfinals.
China’s Lin Shidong, Xiang Peng, Chen Junsong, Chen Xingtong, Wang Yidi, and Wang Manyu also earned singles quarterfinal spots, while their compatriots Zhou Qihao, Kuai Man, Chen Yi, and Shi Xunyao bowed out of the singles third round on Thursday.
Three Chinese pairs secured semifinal berths in the men’s and the women’s doubles, respectively, with the men’s duos Wang Chuqin/Lin Shidong, Huang Youzheng/Wen Ruibo, and Zhou Qihao/Chen Junsong, as well as Chen Xingtong/Qian Tianyi, Xu Yi/Wang Xiaotong, Kuai Man/Wang Manyu on the women’s side.
English Caption 1
Wang Chuqin of China serves to An Jaehyun of South Korea during the men’s singles round of 16 match at 2025 World Table Tennis (WTT) China Smash in Beijing, China, Oct. 2, 2025. (Xinhua/Ju Huanzong)
English Caption 2
Sun Yingsha of China hits a return during the women’s singles round of 16 match against Wang Xiaotong of China at 2025 World Table Tennis (WTT) China Smash in Beijing, China, Oct. 2, 2025. (Xinhua/Sun Fei)
English Caption 3
Hugo Calderano (1st L)/Bruna Takahashi compete during the mixed doubles semifinal between Wang Chuqin/Sun Yingsha of China and Hugo Calderano/Bruna Takahashi of Brazil at 2025 World Table Tennis (WTT) China Smash in Beijing, China, Oct. 2, 2025. (Xinhua/Ju Huanzong)