Connect with us

China

တရုတ်နိုင်ငံ၏ ကားအမှတ်တံဆိပ် Hongqi က ဆလိုဗေးနီးယားမြို့တော်၌ ပထမဆုံး အရောင်းစင်တာ ဖွင့်လှစ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလျင်ပြည်နယ် မြို့တော်ချန်ချွမ်း၌ ၁၉ ကြိမ်မြောက် တရုတ် (ချန်ချွမ်း) နိုင်ငံတကာကားအရောင်းပြပွဲအတွင်း ပြသထားသည့် Hongqi အမှတ်တံဆိပ် လျှပ်စစ်ကားတစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လယူဘွန်ယူနာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်ကားအမှတ်တံဆိပ် Hongqi က ဆလိုဗေးနီးယားနိုင်ငံ မြို့တော် လယူဘွန်ယူနာ၌ ပထမဆုံးအရောင်းစင်တာကို အောက်တိုဘာ ၂ ရက်၌ ဖွင့်လှစ်ခဲ့သည်။
အငြိမ်းစား ကားကုန်သည်တစ်ဦးဖြစ်သည့် Bozidar Arnsek က Hongqi HS3 မော်ဒယ်လ်ကို ပထမဆုံး ဝယ်ယူသူ ဖြစ်လာခဲ့သည်။ “Hongqi ကို ခဏလေးစမ်းမောင်းကြည့်လိုက်တာ ကျွန်တော့်အတွက် ပထမဆုံးတရုတ်ကားကို ဝယ်စေခဲ့တဲ့အထိ ကျွန်တော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ မောင်းရတာ အရမ်းကို သက်သောင့်သက်သာရှိပြီး တပ်ဆင်ထားတာလည်း ကောင်းမွန်ကာ ကားက အတော်လေးကို ကောင်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆလိုဗေးနီးယားနိုင်ငံ၏ အကြီးဆုံး တရုတ်ကားများ လက်လီရောင်းချရေးလုပ်ငန်း Plan-net Avto က အဆိုပါအရောင်းစင်တာအသစ်ကို လည်ပတ်စေလျက်ရှိသည်။ Hongqi နှင့် အခြားသော တရုတ်ကားများသည် ယေဘုယျအားဖြင့် ဥရောပကားများထက် ယေဘုယျအားဖြင့် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ စျေးသက်သာပြီး ခေတ်မီသော ဒီဇိုင်းနှင့် ရေရှည်အာမခံချက်တို့ကိုလည်း ပေးကြောင်း Plan-net Avto ၏ အရောင်းဒါရိုက်တာ Bojan Tavcar က ပြောကြားခဲ့သည်။
“ဆလိုဗေးနီးယားမှာ တရုတ်ကားဝယ်လိုအားက ၂၀၂၄ ခုနှစ်နဲ့ ယှဉ်ရင် ဒီနှစ်မှာ ရောင်းအား သုံးဆတိုးလာပြီး မြန်မြန်ဆန်ဆန် မြင့်တက်နေပါတယ်” ဟု Tavcar က မှတ်ချက်ပြုခဲ့သည်။ Plan-net Avto သည် တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ကာလအတန်ကြာ ပူးပေါင်းဆောင်ရွက်လာလျက်ရှိသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
First sales center of China’s car brand Hongqi opens in Slovenian capital
LJUBLJANA, Oct. 3 (Xinhua) — Chinese car brand Hongqi on Thursday opened its first sales center in Slovenia, in the capital Ljubljana.
Retired car trader Bozidar Arnsek became the first buyer of a Hongqi HS3 model. “A short test drive of Hongqi convinced me to buy my first Chinese car ever,” he said, adding that “it is very comfortable, well-equipped and surprisingly good.”
Plan-net Avto, Slovenia’s largest retailer of Chinese cars, operates the new center. Its sales director Bojan Tavcar said Hongqi and other Chinese cars are generally 20 to 30 percent cheaper than European cars, while offering modern design and long-term warranties.
“The demand for Chinese cars in Slovenia is growing rapidly, with sales tripling this year compared to 2024,” Tavcar noted. He added that Plan-net Avto has long cooperated with Chinese state-owned companies. ■
English Caption
A Hongqi new energy vehicle is on display during the 19th China (Changchun) International Automobile Expo in Changchun, capital of northeast China’s Jilin Province, July 18, 2022. (Xinhua/Zhang Jian)