Connect with us

North America

ဂါဇာပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ အမေရိကန်က အစ္စရေးအား ပေးအပ်ခဲ့သည့် စစ်ရေးအကူအညီ ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော်ရှိဟု လေ့လာမှုအရ သိရှိရ

ဂါဇာကမ်းမြောင်ဒေသ၏ အခြေအနေအား သုံးသပ်နေသည့် အစ္စရေးစစ်တပ်အကြီးအကဲ အီယာလ် ဇာမီယာ (အလယ်) အား အစ္စရေးကာကွယ်ရေးတပ် (IDF) က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်၌ ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- IDF Handout via Xinhua)

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဂါဇာပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရက နှစ်နှစ်အတွင်း အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံ အသုံးပြုခဲ့ကြောင်း အောက်တိုဘာ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် လေ့လာတွေ့ရှိချက်များအရ သိရသည်။
ဘရောင်း တက္ကသိုလ် ဝပ်ဆန် နိုင်ငံတကာနှင့် ပြည်သူ့ရေးရာ အင်စတီကျု၏ Costs of War Project က ပြုလုပ်ခဲ့သည့် လေ့လာမှု၌ ဘိုင်ဒန်အစိုးရ လက်ထက်တွင်ရော ထရမ့်အစိုးရလက်ထက်တွင်ပါ နောက်ထပ် ဒေါ်လာဘီလီယံဆယ်ချီသည့် စစ်လက်နက်ရောင်းချမှုများနှင့်အတူ လာမည့်နှစ်များအတွင်း ငွေပေးချေသွားမည့် စစ်လက်နက်နှင့် ဆက်စပ်ဝန်ဆောင်မှုများအတွက် သဘောတူညီချက်များနှင့် ပတ်သက်၍ ကတိကဝတ်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်က ထောက်ပံ့ထားသည့် စစ်လက်နက်များမှာ အစ္စရေးကာကွယ်ရေးတပ် (IDF) နှင့် အစ္စရေးရဲတပ်ဖွဲ့အနေဖြင့် ဂါဇာ၊ အနောက်ဘက်ကမ်းနှင့် အခြားဒေသများတွင် စစ်ဆင်ရေးများ လုပ်ဆောင်ရာ၌ အဓိကကျလျက်ရှိသည်။ ဂါဇာနှင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှား၌ အစ္စရေးက လက်ရှိအသုံးပြုနေသည့် စစ်လက်နက်အများစုမှာ ၎င်းတို့၏ လက်ကျန် အမေရိကန်ထုတ် စစ်လက်နက်ပစ္စည်းများထဲမှဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Quincy Institute for Responsible Statecraft Think Tank အဖွဲ့နှင့် ပူးတွဲပြုလုပ်ခဲ့သည့် အဆိုပါ လေ့လာမှုအရ သိရသည်။
လက်ရှိနှင့် အနာဂတ် ငွေကြေးသုံးစွဲမှု အတိုင်းအတာကို ထောက်ရှုပါက IDF အနေဖြင့် အမေရိကန်၏ ငွေကြေးအထောက်အပံ့၊ စစ်လက်နက်နှင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးမှုတို့ မရှိဘဲ ဂါဇာဒေသတွင် ဤမျှလောက် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားအောင် လုပ်ဆောင်နိုင်မည် မဟုတ်သလို ဒေသတွင်း၌လည်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နိုင်ဖွယ်မရှိသည်မှာ ပေါ်လွင်ထင်ရှားနေသည်ဟု ယင်းလေ့လာမှု၌ ဖော်ပြထားသည်။
အမေရိကန်အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည့် သို့မဟုတ် ယင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ယီမင်နှင့် ဒေသတွင်း၌ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးများအတွက် အမေရိကန်ဒေါ်လာ ၉.၆၅ ဘီလီယံမှ ၁၂.၀၇ ဘီလီယံအထိ ထပ်မံအသုံးပြုခဲ့ကြောင်း နောက်ဆက်တွဲ အစီရင်ခံစာတစ်စောင်၌ ခန့်မှန်းဖော်ပြထားသည်။
သို့ဖြစ်၍ လွန်ခဲ့သော နှစ်နှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ အသုံးစရိတ်ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၁.၃၅ ဘီလီယံမှ ၃၃.၇၇ ဘီလီယံအထိ ရှိခဲ့ကာ ထိုပမာဏမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ယင်းလေ့လာမှုအရ သိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ အစောပိုင်းအထိ ဂါဇာဒေသတွင် စုစုပေါင်းသေဆုံးသူ ၆၇,၀၇၅ ဦး၊ ဒဏ်ရာရရှိသူ ၁၆၉,၄၃၀ ဦး ရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုကဲ့သို့ သေဆုံး/ဒဏ်ရာရသူ အရေအတွက်ဖြစ်သည့် ၂၃၆,၅၀၅ ဦးမှာ စစ်ပွဲမတိုင်မီက ဂါဇာလူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်နှင့် ညီမျှကြောင်း Costs of War Project က ဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာ၊ အီရန်၊ အစ္စရေး၊ လက်ဘနွန်နှင့် အနောက်ဘက်ကမ်းတို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၅.၂၇ သန်းထက်မနည်း ရှိခဲ့ကာ ၎င်းတို့အနက် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁.၈၅ သန်းခန့် ပါဝင်ကြောင်း သိရသည်။
ပုဂ္ဂလိက ကန်ထရိုက်တာများအနေဖြင့်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနထံမှ အမေရိကန်ဒေါ်လာ ၂.၄ ထရီလီယံ တန်ကြေးရှိသည့် ကန်ထရိုက်စာချုပ်များကို ရရှိခဲ့ရာ ထိုပမာဏမှာ ပင်တဂွန် စစ်ဌာနချုပ်၏ လိုအပ်သလို အသုံးပြုနိုင်သော အသုံးစရိတ်ပမာဏဖြစ်သည့် ဒေါ်လာ ၄.၄ ထရီလီယံ၏ ၅၄ ရာခိုင်နှုန်းခန့် ရှိသည်ဟု Costs of War Project ၏ အဆိုအရ သိရသည်။ (Xinhua)
…………………
(English Version)
U.S. military aid to Israel tops 21 bln USD since Gaza conflict: study
SAN FRANCISCO, Oct. 7 (Xinhua) – In the two years since the outbreak of the latest Gaza conflict on Oct. 7, 2023, the U.S. government has spent 21.7 billion U.S. dollars on military aid to Israel, according to a study findings released Tuesday.
The study, performed by the Costs of War Project at Brown University’s Watson Institute for International and Public Affairs, noted that under both the Biden and Trump administrations, agreements with an additional tens of billions of dollars of arms sales have been committed for weapons and related services that will be paid for in the coming years.
U.S.-supplied arms have been central to operations of the Israel Defense Forces (IDF) and Israel Police in Gaza, the West Bank, and beyond. Most of the weapons currently used by Israel in Gaza and across the Middle East come from its existing U.S.-made inventory, according to the study, which was produced in collaboration with the Washington-based Quincy Institute for Responsible Statecraft.
Given the scale of current and future spending, the study suggested, it is clear that the IDF could not have inflicted such extensive damage in Gaza or escalated military activities across the region without U.S. financing, weapons, and political support.
A companion report estimated that the United States has spent an additional 9.65-12.07 billion dollars on military operations in Yemen and the wider region that were either triggered by or conducted in support of Israeli military actions since Oct. 7, 2023.
This brings total U.S. spending in the Middle East over the past two years to 31.35-33.77 billion dollars and counting, according to the project.
As of early September 2025, a total of 67,075 people have been killed and 169,430 injured in Gaza, according to the Gaza Ministry of Health. These 236,505 casualties represent more than 10 percent of Gaza’s pre-war population, the Costs of War Project said.
At least 5.27 million people have been displaced or forced to flee their homes in Gaza, Iran, Israel, Lebanon, and the West Bank since Oct. 7, 2023 — including an estimated 1.85 million children under 18, it added.
From 2020 to 2024, private contractors received 2.4 trillion dollars in contracts from the U.S. Department of Defense, accounting for roughly 54 percent of the Pentagon’s discretionary spending of 4.4 trillion dollars, according to the Costs of War Project.
English Caption
This photo, released by Israel Defense Forces (IDF) on Sept. 16, 2025, shows Israel’s military chief Eyal Zamir (C) holding a situational assessment in the Gaza Strip. (IDF Handout via Xinhua)