Connect with us

International Organizations

အက်စ်ပန်ညိုရှေ့တန်းတိုက်စစ်မှူး ပူအာဒို ဒူးဒဏ်ရာရရှိ

မက်ဒရစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တိုက်စစ်မှူး ဂျာဗီပူအာဒို ဒူးဒဏ်ရာရရှိခဲ့သဖြင့် စပိန်လာလီဂါကလပ် အက်စ်ပန်ညိုအသင်းအနေဖြင့် သိသိသာသာ ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်နေရသည်။
“ဂျာဗီပူအာဒိုက ၎င်း၏ညာဖက်ဒူးတွင် အဆစ်လွဲသွားခြင်းဖြစ်သည်ဟု ဆေးစစ်ချက်များက ဖော်ပြခဲ့သည်” ဟု အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်၌ အသိပေးထားပြီး ကစားသမား ပူအာဒိုသည် “အောက်တိုဘာ ၈ ရက်က လေ့ကျင့်ရေး၌ ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း” နှင့် “၎င်း၏ဒဏ်ရာသက်သာမှုက ၎င်းအား အသင့်ရှိနိုင်မှုကို ဆုံးဖြတ်ပေးလိမ့်မည်” ဟုလည်း ဖော်ပြခဲ့သည်။
ပူအာဒိုကို ၎င်း၏ချစ်သူရည်းစားနှင့် ကလပ်၏ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဒါရိုက်တာတို့နှင့်အတူ အက်စ်ပန်ညိုလေ့ကျင့်ရေးကွင်း၌ ချိုင်းထောက်ဖြင့်တွေ့ရပြီးနောက် ဒဏ်ရာရရှိကြောင်း အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကလပ်အသင်းက ပူအာဒိုပြန်ကစားနိုင်မည့်ရက်အတိအကျကို မဖော်ပြထားသော်လည်း ပူအာဒိုသည် ဒဏ်ရာပြင်းထန်မှုပေါ်မူတည်၍ တစ်လထက်မနည်း အချိန်ကြာကြာ အနားယူရဖွယ်ရှိသည်။
ပူအာဒိုသည် အက်စပန်ညိုအသင်းနည်းပြ မာနိုလိုဂွန်ဇာလက်ဇ်အတွက် အရေးပါသော ကစားသမားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်ရာသီက နောက်ဆုံးပွဲ၌ ပင်နယ်တီအပါအဝင် ၁၂ ဂိုးသွင်းယူကာ တန်းမဆင်းရရန် အသင်းကို ကူညီပေးခဲ့သည်။ ပူအာဒိုသည် ဘာစီလိုနာအခြေစိုက်ကလပ် အက်စ်ပန်ညိုကို ထိပ်တန်းအဆင့်သို့ မြှင့်တင်ရန် ယင်းမတိုင်မီရာသီကလည်း ၁၄ ဂိုးသွင်းခဲ့သည်။
တိုက်စစ်မှူး ပူအာဒိုသည် ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ အက်စ်ပန်ညိုအသင်း၌ ကစားရန် နွေရာသီတွင် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ယခုရာသီတွင် သွင်းဂိုးနှစ်ဂိုး သွင်းယူထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
Espanyol forward Puado suffers knee injury
MADRID, Oct. 8 (Xinhua) — Spanish La Liga club Espanyol has suffered a significant setback on Wednesday with forward Javi Puado sustaining a knee injury.
“Medical tests have shown that Javi Puado has suffered a sprain in his right knee,” informed the official club website, adding the player “was injured in training this Wednesday” and that “his progress will determine his availability.”
Confirmation of the injury came after Puado was seen on crutches at Espanyol’s training ground alongside his girlfriend and the club’s director of medical services.
Although the club has not provided a specific return date, it is likely that Puado will be sidelined for at least a month, possibly longer, depending on the severity of the injury.
Puado is a crucial player for Espanyol coach Manolo Gonzalez, having scored 12 goals last season, including a vital penalty in the final game to help the club avoid relegation. He also scored 14 times in the previous campaign to promote the Barcelona-based club back to the top tier.
The forward signed a new contract over the summer, committing to Espanyol until the end of June 2030, and has already scored two goals this season. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.