Connect with us

Videos

ဘရာဇီးနိုင်ငံ၏ သက်တမ်းနှစ်ပေါင်း ၂ဝဝ ရှိ အမျိုးသားပြတိုက်မီးဘေးသင့်

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင်တည်ရှိသည့် သက်တမ်းနှစ်ပေါင်း ၂ဝဝ ရှိ အမျိုးသားပြတိုက်တွင် စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားအမွေအနှစ်ပစ္စည်းပေါင်း သန်း ၂ဝ ခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် စက်တင်ဘာလ ၂ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီခွဲအချိန် သည် ပြတိုက်ပိတ်ချိန်ဖြစ်သောကြောင့် အဆိုပါမီးလောင်မှုတွင် ထိခိုက်ဒါဏ်ရာရသူမရှိကြောင်း၊ ပြတိုက်လုံခြုံရေး ဝန်ထမ်း ၄ ဦးမှာ ဘေးလွတ်ရာသို့ထွက်ပြေးနိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရှိသေးကြောင်း ပြတိုက် ပြန်ကြားရေး ဋ္ဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါပြတိုက်ကို ၁၈၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ရှားပါး တိရစ္ဆာန်မျိုးစိတ်များ၊ ဒိုင်နိုဆောအရိုးများအပြင် ဥက္ကာခဲများ၊ အီဂျစ်လူမျိုးတို့၏ရှေးဟောင်းသုတေသနဆိုင်ရာ အချက်အလက်များစွာတို့ကို အဓိက စုဆောင်ထားရှိသည့်အကြီးဆုံးသိမ်းဆည်းစုဆောင်းရာနေရာ လည်းဖြစ်သည်။ ထို့အပြင် ပြတိုက်၏ အထင်ကရ စုဆောင်းမှုများလည်းဖြစ်သည့် တောင်အမေရိကတိုက်၏ ပထမဆုံးလူမျိုးစု ဖြစ်သည့် luzia တို့၏ အရိုးများကို လည်းစုဆောင်းသိမ်းဆည်းထားရာ ပြတိုက်ဝန်ထမ်းများနှင့် မီးသတ်သမားများက အဆိုပါ အရိုးများမီးထဲ တွင်ပျက်စီးသွားမည်ကိုစိုးရိမ်လျက်ရှိကြသည်။ အမျိုးသားပြတိုက် ၏ နှစ် ၂ဝဝ ပြည့် အခမ်းအနားကို ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.