Connect with us

Politics, Law & Military

သြဂုတ်လ အတွင်း လောင်းကစားအမှုပေါင်း၂၂၈ မှုအား ဖမ်းဆီး ရမိ

တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့ များ အလိုက် သြဂုတ်လ အတွင်း လောင်းကစား ဖမ်းဆီး ရမိမှု ဇယား(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၃ ခုတွင် သြဂုတ်လ အတွင်း လောင်းကစား အမှုပေါင်း၂၂၈ မှု အား ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုလောင်းကစားမှု ၂၂၈ မှု အနက် ဖမ်းဆီး ရမိမှု အများဆုံး အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ၅၉ မှု ၊ ဧရာဝတီ တိုင်းဒေသကြီး တွင် ၂၉ မှု နှင့် မန္တလေးတိုင်းဒေသကြီးတွင် ၂၇ မှု တို့ပါဝင်ကြောင်း ၊ ဖမ်းဆီး ရမိမှုများ အနက် နှစ်လုံးထီ ၊ ချဲထီ ၊ ဖဲ နှင့် အခြား လောင်းကစား အမျိုးအစားများ ပါဝင်ကြောင်း သိရသည်။နေပြည်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များ အလိုက် သြဂုတ်လ အတွင်း လောင်းကစား အမှုပေါင်း၂၂၈ မှုတွင် တရားခံ ၅၅၄ ဦး နှင့် လောင်းကြေးငွေကျပ် ၂၈,၄၅၂,၂၂၀ တို့ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117