Asia
၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း AI ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်လွန်မည်ဟု WEF ဥက္ကဋ္ဌ ပြောကြား
ဒူဘိုင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ဉာဏ်ရည်တုနည်းပညာ (AI) ၏ မောင်းနှင်မှုကြောင့် စတုတ္ထစက်မှုတော်လှန်ရေးတွင် အပြင်းအထန် ရုန်းကန် နေရသည့်ကမ္ဘာကြီးသည် ယခုနှစ်တွင် AI ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးတက်လာကာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်လွန်မည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Borge Brende က အောက်တိုဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
ဒူဘိုင်းမြို့တွင် ပြုလုပ်သည့် ၂၀၂၅ ကမ္ဘာ့အနာဂတ်ကောင်စီများနှင့် ဆိုက်ဘာလုံခြုံရေး ဆွေးနွေးပွဲ၌ ပြောကြားရာတွင် Brende က AI သည် နောက်ဆယ်စုနှစ်အကျော်တွင် ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း တိုးမြင့်နိုင်မည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။ သို့သော်လည်း နည်းပညာက အလုပ်အကိုင်စျေးကွက်ကို ပြန်လည်ပုံဖော်မည်ဖြစ်ပြီး ကမ္ဘာ့ပြိုင်ဆိုင်မှုပြင်းထန်လာမည်ဟု ၎င်းက သတိပေးခဲ့သည်။
ဆိုက်ဘာရာဇဝတ်မှုများ အရှိန်မြင့်တက်လာခြင်းကြောင့် ကမ္ဘာတစ်ဝန်း ဆုံးရှုံးမှုသည် နှစ်စဥ် ဒေါ်လာ ၂ ထရီလီယံ မှ ၃ ထရီလီယံ အထိ ရှိနေကြောင်း ကမ္ဘာ့ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းနီးပါးရှိကြောင်း ၎င်းက ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုများ ကြီးထွားလာနေမှုကြောင့် ပြင်းထန်သည့်ထိခိုက်မှုကိုလည်း သတိပေးခဲ့သည်။ အဆိုပါကိစ္စသည် နည်းပညာ အဆင့်မြင့်လာမှုနှင့် အရှိန်ကိုထိန်းသိမ်းနိုင်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ခိုင်သော စည်းမျဥ်းစည်းကမ်းမူဘောင်များ အရေးတကြီးလိုအပ်နေသည်ကို ထင်ရှားစေကြောင်း ၎င်းက ဖိအားပေးပြောဆိုခဲ့သည်။
“ထိရောက်တဲ့ဒစ်ဂျစ်တယ်စီမံအုပ်ချုပ်မှုစနစ်တွေ တည်ဆောက်ခြင်းဟာ အရေးကြီးတဲ့ကဏ္ဍတွေကို ကာကွယ်ဖို့နဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ဆိုက်ဘာလုံခြုံရေးအကြား ဟန်ချက်ညီမျှမှုသေချာစေဖို့ ထိပ်တန်းဦးစားပေးဖြစ်လာတယ်” Brende က ပြောကြားခဲ့သည်။
တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ထောက်ပံ့ပေးနိုင်ရန်အတွက် ဘက်စုံလမ်းညွှန်မှုများ ထုတ်ဖော်ရန် WEF သည် မိတ်ဖက်များနှင့်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။(Xinhua)
……………………
(English Version)
AI investments to exceed 500 bln USD globally in 2025: WEF chief
DUBAI, Oct. 15 (Xinhua) — The world is in the throes of the “Fourth Industrial Revolution,” driven by a surge in artificial intelligence (AI) investment expected to top 500 billion U.S. dollars this year, World Economic Forum (WEF) President Borge Brende said on Wednesday.
Speaking at the World Future Councils and Cybersecurity Meetings 2025 in Dubai, Brende projected that AI could boost global productivity by 10 percent over the next decade. He cautioned, however, that the technology would also reshape job markets and intensify global competition.
He also warned that escalating cybersecurity threats were exacting a heavy toll, with global losses from cybercrime amounting to 2-3 trillion dollars annually — nearly 3 percent of global gross domestic product. This underscored an urgent need for international cooperation and robust regulatory frameworks to keep pace with technological advances, he stressed.
“Building effective digital governance systems has become a top priority to protect vital sectors and ensure a balance between innovation and cybersecurity,” Brende said.
He added that the WEF was working with partners to formulate comprehensive guidelines to support responsible digital transformation.
Photo : President of the World Economic Forum (WEF) Borge Brende speaks at the opening of the special meeting of the WEF, held in Riyadh, Saudi Arabia, on April 28, 2024. (Xinhua/Wang Haizhou)
