China
ဟန်ကျိန့်နှင့် အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Robert Wagner တွေ့ဆုံဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် အောက်တိုဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Robert Wagner နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဟန်ကျိန့်က ယခုနှစ်အတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့ ဖုန်းဖြင့် သုံးကြိမ် ဆက်သွယ်ဆွေးနွေးခဲ့ရာ အရေးပါသော သဘောတူညီမှုများစွာ ရရှိခဲ့ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံကြားတွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုအလားအလာများရှိရာ မိတ်ဖက်၊ မိတ်ဆွေများ ဖြစ်နိုင်သလို ဖြစ်လည်းဖြစ်သင့်ကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဦးတည်ချက်တူ လျှောက်လှမ်းရန်၊ အပြန်အလှန်လေးစားရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရန်၊ ခေတ်သစ်တွင် နိုင်ငံကြီးနှစ်နိုင်ငံအတွက် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းတစ်ခုကို အတူတကွရှာဖွေရန်၊ နှစ်နိုင်ငံနှင့် ကမ္ဘာကို အကျိုးပြုရန် မျှော်လင့်ကြောင်း၊ အိုရီဂွန်ပြည်နယ်သည် ကာလရှည်ကြာစွာ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ထိန်းသိမ်းထားပြီး ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Wagner နှင့် လွှတ်တော်အမတ်အသီးသီးနှင့် အတူ နှစ်ဖက် ညှိနှိုင်းဖလှယ်ရေးကို အားကောင်းစေရန် ဆက်လက်မြှင့်တင်ပြီး ပြည်သူများအကြား ချစ်ကြည်ရေးကို နက်ရှိုင်းစေကာ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်အတွက် စံနမူအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Wagner က (၂၀) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပမည်ကို ကြို၍ ဂုဏ်ပြုခဲ့ပြီး အမေရိကန်-တရုတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ အိုရီဂွန်ပြည်နယ် အစည်းအဝေးသည် အဆိုပြုချက်တစ်ရပ်ကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံ ပြည်နယ်၊ မြို့အသီးသီးနှင့်အတူ ချစ်ကြည်ရေး၊ ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အားဖြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
韩正会见美国俄勒冈州参议长瓦格纳
新华社北京10月21日电 国家副主席韩正21日在北京会见美国俄勒冈州参议长瓦格纳。
韩正表示,今年以来,习近平主席同特朗普总统三次通话,达成一系列重要共识。中美两国间拥有广泛共同利益和广阔合作空间,可以成为也应当成为伙伴和朋友。希望美方同中方相向而行,相互尊重、和平共处、合作共赢,共同找到新时期两个大国正确相处之道,造福两国,惠及世界。俄勒冈州长期同中国保持友好合作关系,希望瓦格纳参议长和各位议员继续推动双方加强沟通交流,深化民间友好,为中美地方合作发挥示范作用。
瓦格纳预祝中国共产党二十届四中全会成功,表示美中地方合作十分重要,俄勒冈州议会已通过议案,将继续加强同中国各省市友好交流合作。(完)
图说:10月21日,国家副主席韩正在北京会见美国俄勒冈州参议长瓦格纳。 新华社记者 刘卫兵 摄