Connect with us

China

တရုတ်နိုင်ငံက Yaogan-46 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံက ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်း၌ Long March-7 ပြုပြင်ထားသော ပို့ဆောင်ရေးဒုံးပျံကို အသုံးပြု၍ Yaogan-46 ဂြိုဟ်တုအား နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၄၇ မိနစ်က အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အဆင်ပြေချောမွေ့စွာ ဝင်ရောက်ခဲ့ပြီး ဂြိုဟ်တုလွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နန်းဟိုင် (ဝန်ချန်း)၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်း၌ Long March-7 ပြုပြင်ထားသော ပို့ဆောင်ရေးဒုံးပျံကိုအသုံးပြု၍ Yaogan-46 ဂြိုဟ်တုအား အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ဂြိုဟ်တုသည်ကြိုတင်သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အဆင်ပြေချောမွေ့စွာ ဝင်ရောက်ခဲ့ပြီး ဂြိုဟ်တုလွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
Yaogan-46 ဂြိုဟ်တုအား အဓိကအားဖြင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ချရေး၊ နိုင်ငံမြေယာအရင်းအမြစ်စစ်တမ်းကောက်ယူခြင်း၊ မိုးဇလ စသည့် ကဏ္ဍများတွင် အသုံးပြုမည်ဖြစ်သည်။
ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ပို့ဆောင်ရေးဒုံးပျံ၏ ၆၀၅ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)


………………………….
(Chinese Version)
我国成功发射遥感四十六号卫星
新华社海南文昌11月3日电(郭明芝、刘佳)11月3日11时47分,我国在文昌航天发射场使用长征七号改运载火箭,成功将遥感四十六号卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
遥感四十六号卫星主要用于防灾减灾、国土资源勘察、水利气象等领域。
这次任务是长征系列运载火箭的第605次飞行。(完)
图说:11月3日11时47分,我国在文昌航天发射场使用长征七号改运载火箭,成功将遥感四十六号卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。 新华社记者 郭程 摄