Connect with us

Myanmar

၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း စခန်းဝင် လေ့ကျင့်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်‌ရွေးစင် ဖူဆယ် အမျိုးသားအသင်း၏ နိုဝင်ဘာ ၇ ရက်နေ့ လေ့ကျင့်မှု ပုံရိပ်များကို တွေ့ရစဉ် (ဓာတ်ပုံ-MFF Futsal)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် စခန်းဝင် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး၊ အမြင့်ဆုံးအောင်မြင်မှုရရှိရန် ကြိုးစားပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှ မီဒီယာအရာရှိ ဦးညီညီမိုးအောင်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကို ပဏာမကစားသမား ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အောက်တိုဘာ ၁၃ ရက်မှစ၍ စခန်းဝင်လေ့ကျင့်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးညီညီမိုးအောင်က “ကစားသမားတွေအနေနဲ့ လူဟောင်းတွေရော၊ လူသစ်တွေရောထည့်ထားတာပါ။ အားလုံးပေါင်း ၂၆ ယောက်ပါ။ လူရွေးချယ်တဲ့အပိုင်းကို အသင်းရဲ့ နည်းပြချုပ်က ကျင်းပပြီးစီးခဲ့တဲ့ ပွဲစဉ်တွေကိုကြည့်ပြီး ကစားသမားတွေကို ရွေးတာပါ။ ကစားသမား ၂၆ ယောက်နဲ့ ထရိန်နင်ဆင်းနေပါတယ်” ဟုပြောသည်။
ယင်းအသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ပတ္တရား ပီခွန်က ဆက်လက် ကိုင်တွယ်လျက်ရှိသည်။

“နည်းပြချုပ်ကတော့ သူ့စိတ်ကြိုက်ကစားသမားတွေ ရွေးထားတယ်။ ဒီနှစ်မှာ လူငယ်ကစားသမားတွေရော၊ စီနီယာကစားသမားတွေရော၊ အကောင်းဆုံးပလေယာဆုရတဲ့ player တွေပါတယ်။ မျက်နှာသစ်တွေလည်းပါတယ်။ နည်းပြချုပ်ကတော့ သူ့အသင်းကို ကျေနပ်အားရမှုရှိတယ်လို့ပြောပါတယ်” ဟု ၎င်းက ပြောသည်။
လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားဖူဆယ်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ငါးသင်းရှိပြီး ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်ထိုင်းအသင်း အပါအဝင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းကလည်း အရမ်းကောင်းတဲ့ အသင်းဖြစ်နေတယ်။ ကစားသမားတွေရော၊ နည်းပြတွေရောက ဆုတံဆိပ် တစ်ခုမဟုတ် တစ်ခုရအောင် အကောင်းဆုံးကြိုးစားပြင်ဆင်နေပါတယ်” ဟု ဦးညီညီမိုးအောင်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)

၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်‌ရွေးစင် ဖူဆယ် အမျိုးသားအသင်း၏ နိုဝင်ဘာ ၇ ရက်နေ့ လေ့ကျင့်မှု ပုံရိပ်များကို တွေ့ရစဉ် (ဓာတ်ပုံ-MFF Futsal)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117