Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ကလောမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွါးပြီး လူ ၃ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရရှိ

ကလောမြို့တွင် ဖြစ်ပွါးခဲ့သော ယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ၊ ကလောမြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၉ ရက်) နေလည် ၁နာရီကျော်က ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွါးပြီး လူ ၃ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာကြား မိုင်တိုင်အမှတ် (၅၆/၆) တွင် တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသော JINBEI အမျိုးအစားယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်ချောက်ထဲသို့ တိမ်းမှောက်မှုဖြစ်ပွါးခဲ့ ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါရှိသူ ၁၇ ဦးအနက် အမျိုးသား ၁ ဦးနှင့်
အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ဒေသခံလူမူကယ်ဆယ်ရေးအသင်းများမှ
ယာဉ်များဖြင့် ကလောမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ကုသပေးလျက်ရှ်ကြောင်း သိရသည်။ (Xinhua)

ကလောမြို့တွင် ဖြစ်ပွါးခဲ့သော ယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)