Connect with us

China

တရုတ်နိုင်ငံ၏အကြီးတန်းအရာရှိက KKR တွဲဖက်အမှုဆောင်အရာရှိချုပ်နှင့်တွေ့ဆုံ

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံးအကြီးအကဲ ဟယ်လိဖုန်းက Kohlberg Kravis Roberts & Co. (KKR)၏ တွဲဖက်အမှုဆောင်အရာရှိချုပ် ဂျိုးဆက်ပ်ဘေးနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့စဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးတန်းအရာရှိ ဟယ်လိဖုန်းက Kohlberg Kravis Roberts & Co., (KKR)ကုမ္ပဏီ လီမိတက်၏ တွဲဖက်အမှုဆောင်အရာရှိချုပ် ဂျိုးဆက်ပ်ဘေးနှင့် ပေကျင်းမြို့၌ နိုဝင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံးအကြီးအကဲ ဟယ်လိဖုန်းက တရုတ်နိုင်ငံ၏စီးပွားရေးသည် ယခုနှစ်အတွင်း တည်ငြိမ်ပြီး ကောင်းမွန်သည့်စွမ်းဆောင်ရည်ကို ဆက်လက်ရရှိထားကြောင်း၊ နှစ်စဉ် စီးပွားရေးတိုးတက်မှုပန်းတိုင်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်းလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လက ကျင်းပခဲ့သော ၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်သွက်လက်စွာ ပါဝင်ကူညီပေးမည့် လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်စီမံချက်ကို လျာထားဖော်ပြခဲ့ကြောင်းလည်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
အခြားနိုင်ငံများမှ ရင်းနှီးမြုပ်နှံသူများ တရုတ်နိုင်ငံသို့ စီးပွားရေးလုပ်ငန်းများလာရောက်လုပ်ကိုင်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ဆောင်ကြဉ်းလာသည့် အခွင့်အလမ်းများကို မျှဝေခံစားရန် ကြိုဆိုကြောင်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
ဂျိုးဆက်ပ်ဘေးကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ယုံကြည်မှု အပြည့်ရှိကြောင်းနှင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………..
(English Version)
Senior Chinese official meets KKR co-CEO
BEIJING, Nov. 11 (Xinhua)
Senior Chinese official He Lifeng met with Joseph Bae, co-CEO of Kohlberg Kravis Roberts & Co., in Beijing on Tuesday.
He, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Central Commission for Financial and Economic Affairs, said that the Chinese economy has continued its stable and sound performance this year, and China is confident about and capable of realizing the annual growth target.
The fourth plenary session of the 20th CPC Central Committee last month outlined the blueprint for China’s development of the next five years, which will vigorously contribute to global economic growth, He said.
China welcomes investors from other countries to do business in China, and to share in opportunities arising from China’s economic development, He said.
Bae expressed full confidence in the prospects of China’s economic development, as well as his willingness to expand investment and cooperation further in China.
Photo:
He Lifeng, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Central Commission for Financial and Economic Affairs, meets with Joseph Bae, co-CEO of Kohlberg Kravis Roberts & Co., in Beijing, capital of China, Nov. 11, 2025. (Xinhua/Liu Weibing)