Connect with us

Politics, Law & Military

တရုတ်-ဗီယက်နမ် ပူးပေါင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက် အတွင်း မူးယစ်ဆေးဝါး ၁.၈ တန် နီးပါး ဖမ်းဆီးရမိ

တရုတ်-ဗီယက်နမ် ပူးပေါင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပထမ အကြိမ် ဆောင်ရွက်ချက် အတွင်း ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအား ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က မီးရှို့ဖျက်ဆီးနေစဉ် (ဆင်ဟွာ)

နန်နင်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ ပူးပေါင်း ပြုလုပ်သည့် သုံးလကြာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက် အတွင်း မူးယစ်ဆေးဝါး ၁.၈ တန်နီးပါး နှင့် သံသယရှိသူ ၉၉၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရဲတပ်ဖွဲ့ မှ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ စီမံချက်သည် နှစ်နိုင်ငံကြား ဒုတိယ အကြိမ်ဖြစ်ပြီး စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံအကြား နယ်စပ်ဒေသများသည် မူးယစ်ဆေးဝါး အများဆုံး ဖြန့်ချီသည့် လမ်းကြောင်း များထဲတွင် ပါဝင်ပြီး မြောြက်မားစွာသော ဘိန်းဖြူ နှင့် စိတ်ကြွ မူးယစ်ဆေးဝါး များသည် အဆိုပါ ဧရိယာကို ဖြတ်သန်းသွား၍ ဖြန့်ချီလေ့ ရှိကြောင်း အများပြည်သူ လုံခြုံရေး ဝန်ကြီးဋ္ဌာန ၏ ပြောကြားချက်အရ သိရသည်။

ဒေသတွင်း အများပြည်သူ လုံခြုံရေး ဋ္ဌာနမှ ချူးယိချန်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးတပ်ဖွဲ့များအား ကွမ်ရှီး နယ်စပ် နှင့် ထိစပ်နေသော နိုင်ငံများနှင့် မြို့များ တစ်လျှောက်တွင် နေရာချထားပြီး အကြမ်းဖက် နှိမ်နင်းမှု များကိုလည်း နေ့စဉ် တာဝန် ထဲတွင် ထည့်သွင်း ထားကြောင်း သိရသည်။
နှစ်ဖက်စလုံးသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ် ကိစ္စများ၊ အသိပညာ ဖလှယ်မှုနှင့် သံသယရှိသူ ဖမ်းဆီးရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမို အားကောင်းလာကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် တရုတ်-ဗီယက်နမ် ပူးတွဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း သံသယရှိသူ ၃,၈၀၀ ကျော် နှင့် မူးယစ်ဆေးဝါး ၉၀၀ ကီလိုဂရမ်ကျော် အား နှစ်ဖက် နယ်စပ် ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117