China
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ရင်းနှီးငွေစီးဝင်မှုများ ဆက်ရှိနေသည်ဟု ဘဏ္ဍာရေးအတွင်းဝန်ပြောကြား
ဟောင်ကောင်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများသည် ပထဝီနိုင်ငံရေးစွန့်စားမှုများမှ ကာကွယ်နိုင်ရန် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအစုစုကို မျိုးစုံခွဲထုတ်ခြင်းအဖြစ် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ အရင်းအနှီးများ ထည့်သွင်းစီးဝင်မှုကို ဆက်လက်လုပ်ဆောင်နေကြသည်ဟု ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ဘဏ္ဍာရေးအတွင်းဝန် ချန်မောက်ပေါက နိုဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဟောင်ကောင်ဒေသအား လုံခြုံစိတ်ချရသော ခိုလှုံရာ နေရာတစ်ခုအဖြစ် ရှာဖွေတွေ့ရှိခဲ့သည်ဟု ချန်က ပြောကြားခဲ့သလို ယခုနှစ်အတွင်း လက်ရှိအချိန် အထိ ယင်းမြို့၏ဘဏ်များရှိ စုစုပေါင်းအပ်ငွေပမာဏမှာ ယမန်နှစ်အလားတူကာလထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာခြင်းကို ရည်ညွှန်းကိုးကားပြီး ချန် က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ဟောင်ကောင်ဒေသကို နှစ်သက်သဘောကျရခြင်း၏ အခြားသော အကြောင်းရင်းလက္ခဏာများတွင် ကနဦးအများပိုင်ရှယ်ယာထုတ်ရောင်းခြင်း (IPOs) ၏ ကမ္ဘာ့ ထိပ်တန်း စုစုပေါင်းတန်ဖိုး၊ ဥစ္စာဓန စီမံခန့်ခွဲမှုကဏ္ဍ၏ တက်ကြွအသက်ဝင်သော တိုးချဲ့အစီအစဉ်နှင့် ကမ္ဘာပေါ်ရှိ အခြားစျေးကွက်များနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု အမြဲပိုမိုနက်ရှိုင်းစေခြင်းများ ပါဝင်ခဲ့သည်ဟု ချန် ၏ ပြောကြားမှုအရ သိရသည်။
ဟောင်ကောင်ဒေသအနေဖြင့် ယခုနှစ်၏ ပထမ သုံးလပတ် သုံးခုအတွင်း ကုန်ပစ္စည်းတင်ပို့မှုတွင် ၁၁.၃ ရာခိုင်နှုန်း တိုးတက်လာခြင်းကို မှတ်တမ်းတင်နိုင်ခဲ့သလို ယင်းသို့တိုးမြင့်လာခြင်းမှာ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ အခြားသောနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေး ဆက်ဆံမှု ပို၍နီးကပ်ရင်းနှီးလာခြင်းကြောင့်ဖြစ်သည်ဟုလည်း ချန်က အလေးထားပြောကြား ခဲ့သည်။
ယခုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် HKSAR အစိုးရက မြို့၏ရေကြောင်းပို့ဆောင်ရေး စက်မှုလုပ်ငန်းကိုအဆင့်မြှင့်တင်ရန်နှင့် ကြီးကျယ်သည့်အခမ်းအနားများအတွက် ရေကြောင်း ပို့ဆောင်ရေး ဗဟိုဌာနနှင့် အချက်အချာစခန်းတစ်ခုအဖြစ် ၎င်း၏စွမ်းပကားကို အလေးပေးဖော်ပြမှုများ ပြုလုပ်ရလိမ့်မည်ဟုလည်း ချန် က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Capital inflow into Hong Kong continues: financial secretary
HONG KONG, Nov. 23 (Xinhua) — Global investors continued to funnel capital into Hong Kong as they diversify their portfolios to hedge against geopolitical risks, Paul Chan, financial secretary of the Hong Kong Special Administrative Region (HKSAR) government, said on Sunday.
Global investors have found a safe haven in Hong Kong, said Chan, citing a 10 percent year-on-year growth of total deposits in the city’s bank so far this year.
Other indications of global investors’ liking to Hong Kong included world-leading total value of initial public offerings (IPOs), zippy expansion of the wealth management sector and ever-deepening financial cooperation with other markets in the world, according to Chan.
Chan also noted that Hong Kong registered an 11.3 percent growth in goods export in the first three quarters thanks to closer economic and trade ties with ASEAN countries and other countries in the Global South.
To keep up the momentum, Chan said the HKSAR government will work to upgrade the city’s shipping industry and play up its strengths as a shipping center and a hub for mega events. ■
Photo:
This photo taken on Feb. 1, 2025 shows a city view of Hong Kong, south China. (Xinhua/Chen Duo)
