Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေသတွင်းလုပ်ငန်းရှင်များကိုကူညီရန် နိုင်ငံတကာငွေပေးချေမှု ပလက်ဖောင်းများ ပိုမိုချိတ်ဆက်ရန်စီစဥ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမျိုးသားအသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) ပြပွဲ ဆိုင်ခန်းတစ်ခုတွင် ထုတ်ကုန်ပစ္စည်းများ ရွေးချယ်နေသည့် လာရောက်သူများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ဒါကာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Ahsan H. Mansur က လုပ်ငန်းငယ်များအတွက် ကမ္ဘာ့စျေးကွက် ဝင်ရောက်နိုင်ရေး မြှင့်တင်ပေးရန် နိုင်ငံတကာငွေပေးချေမှုပလက်ဖောင်းများ ပိုမိုပေါင်းစည်းနိုင်ရန် အဆင့်များ လုပ်ဆောင်နေကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
“အသေးစားနှင့် အလတ်စားလုပ်ငန်းတွေကို PayPal လို ပလက်ဖောင်းတွေကတစ်ဆင့် အခက်အခဲမရှိ ငွေပေးချေနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်လိုပါတယ်” ဟု ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ် အသေးစားနှင့် အိမ်တွင်းမှုလုပ်ငန်း ကော်ပိုရေးရှင်း၏ ၂၀၂၅ နှစ်စဥ်အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေး တက်ရောက်စဥ် ၎င်းက ပြောကြားခဲ့သည်။
ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းစေခြင်း၊ ပိုမိုကြီးမားသည့်လုပ်ငန်းများနှင့် ပေါင်းစည်းမှု တိုက်တွန်းအားပေးခြင်း၊ ခိုင်မာသော ဒစ်ဂျစ်တယ်နှင့် ရေရှည်တည်တံ့သော ပလက်ဖောင်းများ ထူထောင်ခြင်းအားဖြင့် အသေးစားနှင့်အိမ်တွင်းမှုလုပ်ငန်းများအား ခေတ်မီစေရန်နှင့် ထောက်ပံ့ပေးရန် အားထုတ်မှုများ ပြုလုပ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)
…………………
(English Version)
Bangladesh plans linking more int’l payment gateways to help local entrepreneurs
DHAKA, Dec. 3 (Xinhua) — Bangladesh’s central bank governor Ahsan H. Mansur said Wednesday that steps are underway to integrate more international payment platforms to boost global market access for small entrepreneurs.
“We want SMEs to get payments seamlessly through platforms like PayPal,” he said while addressing the Annual Conference and Workshop 2025 at the Bangladesh Small and Cottage Industries Corporation in Dhaka.
He also called for efforts to modernize and support small and cottage industries by strengthening supply chains, encouraging integration with larger firms, and building robust digital and sustainable platforms.
Photo : Visitors select products at a stall during Bangladesh’s National Small and Medium Enterprise (SME) Fair in Dhaka, capital of Bangladesh, on Dec. 5, 2021. (Xinhua)