Connect with us

Social

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တန်ဖိုးငွေကျပ် ၁၅.၉ဘီလီယံရှိသည့် အဆင့်မြင့်ရွေ့လျားနေအိမ် အလုံး(၁၀၀၀)အား ပေးအပ်လှူဒါန်း

အဆင့်မြင့်ရွေ့လျားနေအိမ် အလုံး(၁၀၀၀)အား လွှဲပြောင်းပေးအပ်သည့်အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ အဆင့်မြင့်ရွှေ့လျားနေအိမ် အလုံး(၁၀၀၀)အား လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲ့ကော်ရှန် (Xie Guoxiang) ၊ တရုတ် နိုင်ငံ သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ပထမဦးစွာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့် အမှာစကားပြောကြားရာတွင် ယခုတရုတ်နိုင်ငံမှရွေ့လျားနေအိမ်များလွှဲပြောင်းပေးအပ်ခြင်းသည် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင် ရေးလုပ်ငန်းတွင် တစ်တပ်တစ်အား ဖြစ်စေမည့်လှူဒါန်းမှုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ခရီးစဉ်တွင် ၂၀၁၈ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေး အစီအစဉ်များ အတွက် ရွေ့လျားနေအိမ် အလုံး ၁၀၀၀ အား ထပ်မံထောက်ပံ့ပေးရန် မေတ္တာရပ်ခံသည့်အပေါ် ဆွေမျိုးပေါက်ဖော် တရုတ်နိုင်ငံအနေဖြင့် သဘောတူညီခဲ့ပြီး ယခုကဲ့သို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအခက်အခဲရှိချိန်တွင် စာနာနားလည်မှု အပြည့် အဝထားရှိပြီး နိုင်ငံရေးအရထောက်ခံမှု ခိုင်ခိုင်မာမာပေးသလို မြေပြင်လိုအပ်မှုများကိုလည်း ထောက်ပံ့ ကူညီမှုများပေးအပ်နေခြင်းသည် မိတ်ဆွေကောင်းထက် သာလွန်သည့် ဆွေမျိုးသားချင်း စိတ်ရင်း စိတ်ထားဖြင့် ကူညီခြင်းဖြစ်သောကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း ၊ (၂၁)ရာစု စိန်ခေါ်မှု များတွင် နိုင်ငံတကာ အခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ နှစ်နိုင်ငံ၏ဆက်ဆံရေး ကောင်းမှာ မပြောင်းမလဲအမြဲတည်တံံ တိုးတက်မြင့်မားနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်က ရွေ့လျားနေအိမ် ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံ ဖြစ်ရာ ရခိုင်ပြည်နယ် အရေးကိစ္စတွင် ကြုံတွေ့နေရသည့် ကြီးမားသည့် အခက်အခဲနှင့်စိန်ခေါ်မှုများကို နားလည်သိရှိပါကြောင်း ၊ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှု များတွင်လည်းကောင်း ဘက်ပေါင်းစုံညှိနှိုင်းဆောင်ရွက်မှုများတွင်လည်းကောင်း မြန်မာနိုင်ငံအား အစွမ်းကုန် ကူညီ ထောက်ခံကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာအရေးကိစ္စများကို အဆင်ပြေ ချောမွေ့စွာ ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်သည့်အနေအထားများ ဖြစ်စေရန် တရုတ်နိုင်ငံက နိုင်ငံတကာ လူမှုအဖွဲ့အစည်းများကို တက်တက်ကြွကြွတွန်းအားပေး ဆောင်ရွက် လျက်ရှိကြောင်း ၊ မျှတမှန်ကန်မှု နှင့်ချစ်ကြည်ရေးကို အခြေပြုပြီး မြန်မာနိုင်ငံအား အပြုသဘော ဆောင်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

အဆင့်မြင့်ရွေ့လျားနေအိမ် အလုံး(၁၀၀၀)အား လွှဲပြောင်း ပေးအပ်နေစဉ် (ဆင်ဟွာ)

ပေးအပ်လှူဒါန်းထားသည့် ရွေ့လျားနေအိမ်များအား သွားရောက်ကြည့်ရှုစဉ်(ဆင်ဟွာ)

ပေးအပ်လှူဒါန်းထားသည့် ရွေ့လျားနေအိမ်များအား သွားရောက်ကြည့်ရှုစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းထားသော အဆင့်မြင့်ရွေ့လျားနေအိမ်များအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းထားသော အဆင့်မြင့်ရွေ့လျားနေအိမ်များအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းထားသော အဆင့်မြင့်ရွေ့လျားနေအိမ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းမှ ရွေ့လျားနေအိမ် အလုံး (၁၀၀၀)အား သယ်ယူတပ်ဆင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ကျေးဇူးတင်စကား ထပ်မံပြောကြားခဲ့သည်။

ယခုလှူဒါန်းသည့် ရွေ့လျားနေအိမ်မှာ One Unit လျှင် မြန်မာကျပ်ငွေ ၁၅၉ သိန်းရှိပြီး Unit တစ်ထောင်အတွက် ကျပ် ၁၅.၉ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ် ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ အတွက် ၂၀၁၈ခုနှစ် ဇန်နဝါရီလကလည်း ရွေ့လျားနေအိမ် အလုံး ၁၀၀ ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117