Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြောက်ပိုင်း သဘာဝနယ်မြေ လေးခုတွင် စီမံအုပ်ချုပ်မှု ရေရှည် မြှင့်တင်ခြင်းကို ငါးနှစ် စီမံကိန်းဖြင့် လုပ်ဆောင်မည်

မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသရှိ ခါကာဘိုရာဇီ ရေခဲတောင် ဒေသအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာ (GEF) ၏ ပံ့ပိုးမှုဖြင့် သစ်တော ဦးစီးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ WCS တု့ိ ပူးပေါင်း၍ မြန်မာနိုင်ငံ မြောက်ပိုင်း သဘာဝ နယ်မြေ လေးခုတွင် စီမံအုပ်ချုပ်မှု ရေရှည် မြှင့်တင်ခြင်းကို ငါးနှစ် စီမံကိန်းဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

ယင်းစီမံကိန်းကို မြန်မာနိုင်ငံ မြောက်ပိုင်း သဘာဝ နယ်မြေများ ဖြစ်သော ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် ၊ ဖုန်ကန်ရာဇီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောနှင့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော များ၌ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယခုနှစ်အတွင်း စတင်လုပ်ဆောင်မည် ဖြစ်ပြီး၊ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်း ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117