Politics, Law & Military
ထိုင်ဝမ်ကို အမေရိကန်လက်နက်ရောင်းချခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထပ်မံတုံ့ပြန် – ထိုင်ဝမ်သို့ အဆင့်မြင့်လက်နက်များ မည်မျှပင်ရောင်းချပါစေ၊ တရုတ်နိုင်ငံ နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းမည်ဖြစ်သော၊ မုချ ပေါင်းစည်းမည်ဖြစ်သော သမိုင်းလမ်းကြောင်းကို တားဆီးနိုင်မည်မဟုတ်
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ထိုင်ဝမ်သို့ လက်နက်အများအပြား ရောင်းချရန် အမေရိကန်၏ ခွင့်ပြုခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဒီဇင်ဘာ ၁၉ ရက်တွင် ထိုင်ဝမ်သို့ အဆင့်မြင့်လက်နက်များ မည်မျှပင်ရောင်းချပါစေ၊ တရုတ်နိုင်ငံက နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းမည်ဖြစ်သော၊ မုချ ပေါင်းစည်းမည်ဖြစ်သော သမိုင်းလမ်းကြောင်းကို တားဆီးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာသေးမီရက်တွင် ထိုင်ဝမ်ကို လက်နက်အများအပြားရောင်းချရန် အမေရိကန်က ခွင့်ပြုချက်အပြီးတွင် နိုင်ငံခြားမီဒီယာအချို့က အမေရိကန်၏ ဤလုပ်ရပ်မှာ “ထိုင်ဝမ်အား လုံလောက်သော ကာကွယ်ရေးစွမ်းရည်များ ထိန်းသိမ်းရန် ကူညီခြင်း” ဖြစ်ပြီး ထိုင်ဝမ်ကို ရောင်းချသော လက်နက်များသည် ထိုင်ဝမ်ရင်ဆိုင်နေရသော “ခြိမ်းခြောက်မှုများ” နှင့် ညီမျှသည်ဟု ဖော်ပြခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
“မနေ့က ဒီမေးခွန်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ တည်ကြည်လေးနက်တဲ့ ရပ်တည်ချက်ကို ကျွန်တော် ရှင်းလင်းပြောကြားခဲ့ပြီးပါပြီ” ဟူ၍ ကောကျားခွန်းက ပြောကြားခဲ့သည်။ အမေရိကန်က ထိုင်ဝမ်သို့ လက်နက်အများအပြားရောင်းချခြင်းသည် တရုတ်နိုင်ငံ ပြည်တွင်းရေးကို ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံအချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ဆိုးရွားစွာ ထိပါးခြင်း၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်း ဖြစ်ပြီး “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုနှင့် ပြင်ပထံ အပြင်းအထန်မှားယွင်းသော သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံသည် အပြင်းအထန် ကျေနပ်မှုမရှိသလို အခိုင်အမာ ကန့်ကွက်ပြီး အမေရိကန်ထံ ချက်ချင်းပင်လျှင် ပြင်းထန်လေးနက်သော ဆန့်ကျင်ကန့်ကွက်မှု အဆိုပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားအား ဆုံးရှုံးနစ်နာစေခြင်း၊ ထိုင်ဝမ်အရေးအား ဝင်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံ၏ အခြေခံစည်းအား ထိပါးခြင်းတို့ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးသည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး ထိုင်ဝမ်အား လက်နက်တပ်ဆင်သည့် မည်သည့်လုပ်ရပ်မဆို ပြင်းထန်သော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကောကျားခွန်းက အလေးအနက်ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဲ့ တကယ့်ခြိမ်းခြောက်မှုမှာ လိုက်ချင်းသဲအာဏာပိုင်ရဲ့ ‘ထိုင်ဝမ် ခွဲထွက်ရေး’ လှုပ်ရှားမှုတွေနဲ့ ပြင်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်” ဟု ကောကျားခွန်က ပြောကြားခဲ့သည်။ “ခြိမ်းခြောက်မှု” ကို ရင်ဆိုင်တုံ့ပြန်ရန် ထိုင်ဝမ်အား အကူအညီပေးခြင်း ဆိုသည်မှာ “ထိုင်ဝမ်ခွဲထွက်ရေး” ၏ စိတ်ကြီးဝင်မှုကိုသာ ပိုမိုအားကောင်းစေပြီး ထိုင်ဝမ်ပြည်သူများအား “ခဲယမ်းစည်ပုံး” ပေါ်တွင် ထိုင်ခိုင်းထားကာ ထိုင်ဝမ်ရေလက်ကြားကို အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့မည်ဖြစ်သလို တရုတ်နှင့် အမေရိကန်အကြား ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုအန္တရာယ်ကို မလွဲမသွေ မြှင့်တင်ပေးမည်ဖြစ်ကြောင်း” ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မည်သူ၊ မည်သည့်အင်အားစုကမျှ တရုတ်အစိုးရနှင့် ပြည်သူများ၏ နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ရန် ခိုင်မာသည့် ဇွဲနပဲ၊ တောင့်တင်းသောစွမ်းအားကို လျှော့တွက်၍မရကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ ထိုင်ဝမ်သို့ အဆင့်မြင့်လက်နက်များ မည်မျှပင်ရောင်းချပါစေ၊ တရုတ်နိုင်ငံ နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းမည်ဖြစ်သော၊ မုချ ပေါင်းစည်းမည်ဖြစ်သော သမိုင်းလမ်းကြောင်းကို တားဆီးနိုင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်သော အစီအမံအားလုံးကို ချမှတ်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အမေရိကန်အနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို အခိုင်အမာ လက်ကိုင်ထားပြီး အမေရိကန်ခေါင်းဆောင်၏ ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ဖို့၊ ထိုင်ဝမ်အား လက်နက်တပ်ဆင်သည့် အန္တရာယ်ရှိသော လုပ်ရပ်များကို ရပ်တန့်ဖို့၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအား ဖျက်ဆီးခြင်းကို ရပ်တန့်ဖို့၊ ‘ထိုင်ဝမ်ခွဲထွက်ရေး’ အင်အားစုထံ မှားယွင်းတဲ့သတင်းစကားပါးခြင်းကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………..
(Chinese Version)
外交部再次回应美对台军售:无论向台湾卖多少先进武器,都阻挡不了中国终将统一、也必将统一的历史大势
新华社北京12月19日电(记者董雪、邵艺博)针对美方批准大规模对台军售,外交部发言人郭嘉昆19日表示,无论向台湾卖多少先进武器,都阻挡不了中国终将统一、也必将统一的历史大势。
当日例行记者会上,有记者问:日前美方批准大规模对台军售后,有外媒报道称,美方此举是为“助台保持足够防卫能力”,售台武器同台湾面临的“威胁”相适应。中方对此有何评论?
“昨天我已就这个问题阐明中方严正立场。”郭嘉昆表示,美大规模对台军售,粗暴干涉中国内政,严重损害中国主权、安全和领土完整,严重破坏台海和平稳定,向“台独”分裂势力和外界发出严重错误信号。中方强烈不满、坚决反对,已第一时间向美方提出严正抗议。
郭嘉昆强调,中国核心利益不容损害,台湾问题不容干涉,中方底线不容触碰。“台独”与台海和平水火不容,任何武装台湾的行径都将面临严重后果。
“台海和平稳定的真正威胁是赖清德当局‘台独’分裂活动和外部势力介入。”郭嘉昆说,所谓助台应对“威胁”,只会助长“台独”嚣张气焰,让台湾老百姓坐在“火药桶”上,把台海推向危险境地,也势必推高中美冲突对抗的风险。
郭嘉昆表示,任何人、任何势力都不要低估中国政府和人民捍卫国家主权和领土完整的坚定意志和强大能力。无论向台湾卖多少先进武器,都阻挡不了中国终将统一、也必将统一的历史大势。中方将采取一切必要措施维护国家主权和领土完整。
“中方敦促美方恪守一个中国原则和中美三个联合公报,落实美国领导人所作严肃承诺,停止武装台湾的危险举动,停止破坏台海和平稳定,停止向‘台独’分裂势力发出错误信号。”他说。(完)
